ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) ပျက်ကျသွားခဲ့သည့် တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်၌ ပါဝင်သူ အရေအတွက်၏ ထက်ဝက်ကျော် အဖြစ် ရုပ်အလောင်း ၇၆ လောင်းအား ယနေ့ဇွန် ၁၂ ရက် နံနက် ၁၁ နာရီကျော် အချိန်ထိ ရှာဖွေ တွေ့ရှိထားကြောင်း...
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) လှည်းကူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးပေါ်ရှိ ကျူးကျော်တဲများ အားလုံးကို ရှင်းလင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နောက် ၄၈ နာရီအတွင်း တိုင်းဒေသကြီး/ပြည်နယ်များတွင် နေရာစိပ်စိပ် မှ နေရာအနှံ့အပြား ၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ...
မက္ကဆီကို စီးတီး၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီးမြို့တွင် ဇွန်လ ၁၁ ရက်က ဘူတာရုံသို့ ဦးတည်မောင်းနှင်နေသည့် မြေအောက်ရထားတစ်စီးပေါ်မှ မက္ကဆီကိုအမျိုးသားတစ်ဦးသည် ရထားပြတင်းပေါက်မှ အပြင်သို့ ခေါင်းထုတ်ကြည့်မိရာ ပလက်ဖောင်းပေါ်ရှိ သတ္တု အတားအဆီးတစ်ခုနှင့် တိုက်မိပြီး သေဆုံးသွားခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ပါရီ ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ၏ လွှတ်တော်ရွေးကောက်ပွဲ ပထမအကြော့တွင် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၏ LREM ပါတီ နှင့် ၎င်း၏မဟာမိတ် MoDem ပါတီတို့က ဦးဆောင်လျက်ရှိကြောင်း ပြင်သစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် တို့၌ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို နှစ်လထပ်မံတိုးမြှင့်လိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင် အတွင်း ပျက်ကျသွားသော တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8အား ရှာဖွေမှုတွင် ရုပ်အလောင်း ၆၂လောင်းအထိ ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ဇွန် ၁၂ရက်နေ့ နံနက် ၉နာရီကျော်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဂျကာတာ ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ အထင်ရှားဆုံး ကမ်းခြေဖြစ်သော ဂျာဗားကျွန်းစုကမ်းခြေတစ်လျှောက်၌ ယနေ့( ဇွန်လ ၁၂ ) ရက် နံနက်ပိုင်းတွင် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသဌာန နှင့် ဘူမိရူပအေဂျင်စီက ဆိုသည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်တွင် ဇွန်လ ၁၁ ရက်က သတင်းသမားတစ်ဦး အား အမည်မသိ သေနတ်သမားတစ်စု က ပစ်သတ်သွားခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ နှင့် သတင်းသမား၏ မီဒီယာ အသိုင်းအဝိုင်းကပြောကြားခဲ့သည်။
အက်စ်တာနာ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ကာဇက်စတန်နိုင်ငံ အက်စ်တာနာတွင် ဇွန်လ ၁ဝ ရက်နေ့က ကျင်းပသည့် Astana Expo 2017တွင် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။ အဆိုပါပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာကြီးပေါ်တွင် လူသားများ စွမ်းအင်သုံးစွဲမှု ထိန်းချုပ်ရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှုကို အနည်းဆုံးလျှော့ချပစ်နိုင်ရန်ဟုဆိုသည်။ နိုင်ငံပေါင်း...