Connect with us

Videos

HUAWEI စမတ်ဖုန်း အသစ် မိတ်ဆက် အခမ်းအနား ကျင်းပ

ရန်ကုန် ၊ မေ ၆ ရက် (ဆင်ဟွာ)

HUAWEI စမတ်ဖုန်း အသစ် P 10 နှင့် P 10 Plus မိတ်ဆက်ခြင်း အခမ်းအနား ကို မေလ ၅ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ် တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး HUAWEI စမတ်ဖုန်း အသစ် ၏ အလှဓာတ်ပုံ ရိုက်ကူးမှု ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်မှု စွမ်းရည် နှင့် ပတ်သက်၍ အသေးစိတ် မိတ်ဆက်ရှင်းလင်းခဲ့သည်။

Huawei Technologies (Yangon) Co.,Ltd ၏ CEO ဖြစ်သူ Mr.Zhang LiMan က HUAWEI P 10 နှင့် P 10 Plus စမတ်ဖုန်းအသစ် တို့သည် ဖက်ရှင်ကျလှပသလို လုပ်ဆောင်ချက်လည်းကောင်းမွန်ကြောင်း ၊ စမတ်ဖုန်းဖြင့် အလှဓာတ်ပုံ ရိုက်ကူးခြင်း ကဏ္ဍ ကို လုံးဝ ပြောင်းလဲစေနိုင်မည့် စမတ်ဖုန်းအသစ် ကို တီထွင် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

HUAWEI P 10 နှင့် P 10 Plus စမတ်ဖုန်းအသစ် များကို မေလ ၁၀ ရက်နေ့တွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း ၊ HUAWEI P 10 ကို ဈေးနှုန်း အနေဖြင့် ၇၉၉,၀၀၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး အရောင်အားဖြင့် Prestige Gold ၊ Graphite Black နှင့် Dazzling Blue တို့ကို ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ၊ HUAWEI P 10 Plus ကို ဈေးနှုန်းအားဖြင့် ၉၉၉,၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး Dazzling Gold အရောင်ကို စတင် ရောင်းချသွားမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.