Connect with us

North America

အိမ်ဖြူတော်၏ ပထမဆုံး အမျိုးသမီး ဧည့်ကြို အကြီးအကဲ ကို ရာထူးမှ ဖယ်ရှား

အိမ်ဖြူတော် ဧည့်ကြို အကြီးအကဲ Angella Reid အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ မေ ၆ ရက် (ဆင်ဟွာ)

အိမ်ဖြူတော်တွင် ဧည့်ကြိုအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပထမဆုံး အမျိုးသမီးလည်းဖြစ်၊ ယင်း ရာထူးအတွက် တာဝန်ယူထားသော ဒုတိယမြောက် အာဖရိကန်-အမေရိကန် လူမျိုးလည်း ဖြစ်သူ Angella Reid ကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Sarah Huckabee Sanders က မေလ ၅ ရက်တွင် အကြောင်းပြချက် တစ်စုံတစ်ရာ ပေးခြင်းမရှိဘဲ အတည်ပြု ပြောကြားခဲ့သည်။

“ကျွန်မတို့ အလွန်ကောင်းမွန်စွာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊ သူ့အတွက်လဲ အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်ပါတယ်၊ အနာဂတ်မှာလဲ သူ့အတွက် ကြီးမားတဲ့အရာတွေကို ဖြစ်လာစေဖို့ မျှော်လင့်ပါတယ်” ဟု နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ Sanders ကပြောသည်။

“ဒါကလဲ အစိုးရသစ် တစ်ရပ် ပြောင်းတိုင်း ခုလို ပြောင်းရွှေ့မှုတွေက ထူးခြားမှု တစ်ခုတော့ မဟုတ်ပါဘူး၊ ဒီထက်တော့ မပိုပါဘူး၊ ဒုတိယ ဧည့်ကြို အကြီးအကဲက ယာယီ တာဝန်ယူထားမှာ ဖြစ်ပါတယ်” ဟု Sanders က ပြောကြားခဲ့သည်။

Reid သည် ၂၀၁၁ ခုနှစ် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားလက်ထက်တွင် အိမ်ဖြူတော်၌ စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ယခင်က ပင်တဂွန်မြို့ရှိ Ritz Carton ဟိုတယ်တွင် အထွေထွေ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

အိမ်ဖြူတော် ဧည့်ကြို အကြီးအကဲ ရာထူးသည် နိုင်ငံရေး ရာထူးနေရာ တစ်ခုမဟုတ်ဘဲ အိမ်ဖြူတော် တစ်ခုလုံးအတွက် လုပ်ဆောင်ပေးရခြင်း၊ ဝန်ထမ်းများနှင့် အိမ်ဖြူတော်တွင် ပြုလုပ်မည့် အဓိကပွဲများအား ကြီးကြပ်ကွပ်ကဲရခြင်းနှင့် သမ္မတ မိသားစုဝင်များနှင့် နီးကပ်စွာ အလုပ်လုပ်ကိုင်ရသူ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.