ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းသည် တရားမဝင်သယ်ဆောင်လာသည့်ကျောက်စိမ်းတုံး ၃၄၉ တုံး(ခန့်မှန်း ၂ တန်ခန့်) တရားမဝင်သယ်ဆောင်လာသည့် မော်တော်ဆိုင်ကယ် ၁၂ စီးဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ပြည်တွင်း အခွန်များ ဦးစီးဌာနအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံမှုတွင် ပြေစာ အမှတ်တံဆိပ် ကပ်နှိပ် ရောင်းချမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကုလသမဂ္ဂ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဝမ်ရိ က နျူကလီးယားလက်နက် မပြန့်ပွားရေး နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပိုမိုအားကောင်းလာစေရန် တိုးမြှင့်လုပ်ဆောင်သွားပြီး ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယား အရေးကိစ္စ၌ ငြိမ်းချမ်းစွာ ပြေလည်မှုရရှိစေရန် အတွက် အားထုတ်ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၌ ဧပြီ၂၈ ရက်...
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မေလ ဒုတိယပတ် (၁၀)ရက်ပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းသို့ လည်းကောင်း၊ မေလတတိယ(၁၀)ရက်ပတ်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများသို့လည်းကောင်း အသီးသီးဝင် ရောက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ဆိုးလ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ က ဧပြီ ၂၉ ရက်တွင် ပစ်လွှတ်စမ်းသပ်သော တိုက်ချင်းပစ်ဒုံးပျံသည် မြေပြင်မှ ပျံတက်ပြီး မကြာမီပင် ပေါက်ကွဲသွားခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ Yonhap သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) (၃၀) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ H.E. Mr. Joko Widodo (မစ္စတာဂျိုကိုဝိဒိုဒို) နှင့် ယနေ့ ဒေသစံတော်ချိန်(၀၉၀၀)နာရီတွင် မနီလာမြို့၊...
မနီလာ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဧပြီ ၂၈ ရက် ည က အဓိက လမ်းမကြီးတစ်ခု တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် သတင်းဋ္ဌာနများက ပြောကြားခဲ့သည်။
ဂျာကာတာ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တွင် ရစ်ချ်တာစကေး ၆.၈ ရှိသည့် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် မိုးလေဝသ နှင့် ဘူမိရူပဗေဒဋ္ဌာန က နိုင်ငံအလယ်ပိုင်း မြောက်စူလာဝီဆီပြည်နယ်တွင် ထုတ်ပြန်ခဲ့သော ဆူနာမီသတိပေးချက်အား ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ဋ္ဌာန၏ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
နေပြည်တော်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အစိုးရသစ် လက်ထက် တစ်နှစ်တာအတွင်း သွားဘက်ဆိုင်ရာ သစ်လွင် ဆရာဝန် ၁၇၀၀ ကျော်နှင့် ဆရာဝန် ၂၈၁ ဦး အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်း ၁၃၃၇၆ ဦးတို့ကို ခန့်အပ်ခဲ့နိုင်ခဲ့ သည်ဟု ကျန်းမာရေး နှင့်...
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ယနေ့မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့တဲ့အတွက် ခရီးသည် ၁၉ဦး သေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ကျော်လင်းဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။