ဟီနန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်ရှိ ရှောင်လင်ဘုန်းတော်ကြီးကျောင်းတွင် ကလေးငယ်ပေါင်း ၁၆ဝဝဝ က ရှောင်လင်ကွန်ဖူးဖြင့် ပုံသဏ္ဍာန်စုံလင်စွာ ညီညာဖျဖျ ပုံဖော်ဖန်တီးခဲ့ကြသည်။ ရှောင်လင်ကွန်ဖူးသည် ရှောင်လင်ကျောင်းတော်ကြီးမှ လွန်ခဲ့သည့် နှစ်ပေါင်း ၁၅ဝဝ ကျော်ကတည်းကစတင်ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ တရုတ်ရိုးရာကိုယ်ခံပညာ နည်းစနစ်တွင် သက်တမ်းအရှည်ဆုံးနှင့်...
ထျန်းကျင်း၊အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) နိုဝင်ဘာလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံ ကွမ်တုံမြို့တွင်ကျင်းပမည့်တရုတ်လေကြောင်းပြပွဲအကြို လေ့ကျင့်မှုများအဖြစ် တရုတ်တပ်မတော်လေတပ်က တရုတ်နိုင်ငံမြောက်ပိုင်းထျန်းကျင်းတွင် လေကြောင်းလေ့ကျင့်မှုများကို စတင်ဆောင်ရွက်လျက်ရှိရာ လာရောက်ကြည့်ရှုအားပေးသူပေါင်း ထောင်နှင့်ချီရှိခဲ့သည်။(Xinhua)
လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) အမေရိကန် Yosemite အမျိုးသားဥယျာဉ် ရှိ ရှုခင်းကြည့်နေရာတစ်ခုမှ ခရီးသွား ၂ဦး ပြုတ်ကျ သေဆုံးခဲ့ကြောင်း အမျိုးသားဥယျာဉ်ဝန်ဆောင်မှုဌာနက အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အေသင်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ဂရိနိုင်ငံ အနောက်ပိုင်း တွင် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ရစ်ချ်တာစကေး ၆.၄ ပမာဏရှိ အင်အားပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားပြီး ယခုအချိန်အထိ သေဆုံးသူမရှိသေးကြောင်း ဂရိနိုင်ငံ ငလျင်ပညာရှင်များကပြောကြားခဲ့သည်။
တိုကျို၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ မီယာဂီစီရင်စု ကမ်းရိုးတန်းအလွန်တွင် အောက်တိုဘာ ၁၆ရက်က အင်အား ၅.၇ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာန ကပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် Miss Grand International 2018 ပြိုင်ပွဲကြီးကို အောက်တိုဘာလ ၂၅ ရက်တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ရာ ပါရာဂွေးနိုင်ငံ ကိုယ်စားပြုအလှမယ်Calra Sosa က အနိုင်ရရှိခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် မျက်စိ အတွင်းတိမ် ကုသရေးအဖွဲ့” နှင့် “ဝိသာခါဖောင်ဒေးရှင်း”တို့မှ ပူးပေါင်းကျင်းပသည့် စက္ခုအလင်းဒါန “အလင်းရောင်ခရီးစဉ်” ဖွင့်ပွဲ အခမ်းအနားကို ယနေ့(အောက်တိုဘာ ၂၅ရက်)နံနက်ပိုင်းက ရန်ကုန်မြို့ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီးတွင် ကျင်းပခဲ့သည်။
နေပြည်တော်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) နေပြည်တော်၊ ပျဉ်းမနားမြို့၏ နှစ် ၁၀၀ ပြည့် မီးထွန်းပွဲနှင့် နှစ်ကျိပ် ရှစ်ဆူ မြတ်စွာဘုရားများ လှည့် လည် အပူဇော်ခံပွဲကို ယနေ့ ညနေပိုင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ရာ အနှစ် ၁၀၀ အတွင်း လှည့်လည်...
ပေကျင်း၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသို့တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ် ယနေ့အောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေး ရောက်ရှိလာခဲ့ကြောင်း သိရသည်။