ပေကျင်း ၊ သြဂုတ် ၃ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ အွန်လိုင်းကောလာဟလ နှင့် သတင်းမှားများကို ပြည်သူတို့သိရှိအောင် အသိပေးထုတ်ပြန်ပေးမည့် နိုင်ငံအဆင့် အွန်လိုင်းကောလာဟလသတင်းအချက်အလက် စောင့်ကြည့်ရေး စြင်္က ံတစ်ခုကို သြဂုတ် ၂၉ ရက်တွင် ပေကျင်းမြို့၌ တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးနေသည့် မိခင်များအား အားဖြည့်ကူညီခြင်း အထိမ်းအမှတ်အဖြစ် လူထုအသိပညာပေး လှုံ့ဆော်မှု အစီအစဉ်တစ်ရပ်ကို ယနေ့ ရန်ကုန်ပန်းချီပြခန်း တွင်ကျင်းပခဲ့သည်။
ဆွာမြို့၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်းရေလှောင်တမံရေထိန်းနေရာ ကျိုးပေါက်ခဲ့ပြီး ရွာ(၂၀)ကျော် ရေနစ်မြုပ်မှုကြောင့် လူပေါင်း သောင်းချီ ယာယီပြောင်းရွှေ့ထားရကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲတော်မြင်ကွင်းများကို ဆင်ဟွာသတင်းဋ္ဌာနမှ ရိုက်ကူးတင်ဆက်ပါသည်။ ထိုပွဲတော်မှာ ကျန်းမာရေးကောင်းမွန်စေရန် ၊ အချင်းချင်းစည်းလုံးညီညွတ်မှု ရှိကြစေရန်အတွက် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် ဖွဲ့နှောင်သည့်ဓလေ့ကို ကရင်လူမျိုးများ က ရိုးရာမပျက် ကျင်းပသည့် အခမ်းအနားတစ်ခုလည်းဖြစ်ကြောင်း သိရသည်။ (Xinhua)
ရန်ကုန် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) သြဂုတ်လ ၂၈ ရက် က China Eastern Airlines လေယာဉ် အမှတ်စဉ် MU 2031 ဖြင့် တရုတ် နိုင်ငံ ကူမင်း မြို့ မှ ရန်ကုန် မြို့ သို့...
ဟောင်ကောင်၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ) ကမ္ဘာ့ပထမဆုံး 4D နည်းပညာသုံး ကြွေထည်ထုတ်လုပ်သည့် စက် ကို ဟောင်ကောင် သုတေသီများက တီထွင်ခဲ့ကြသည်။ City University of Hong Kong မှ သုတေသီများက 4 D printing နည်းပညာ ကိုအသုံးပြုကာ ကြွေထည်များကို...
ပေကျင်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၂၀ခုနှစ် မတိုင်မီ နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှု လုံးဝပပျောက်ရေးအတွက် ပြင်ဆင်ရာတွင် လာမည့်သုံးနှစ် ၌ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တိုက်ပွဲအား အောင်နိုင်စေရန် မကြာသေးမီက လမ်းညွှန်ချက်တစ်ခုအား ထုတ်ပြန်ခဲ့သည်။
ရှင်းကျန့်၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်းရှင်းကျန့်ရှိ အူရွန်ချီ ကုန်စည်ရထားထိန်းသိမ်းရေးစင်တာသည် ခေတ်သစ်ပိုးလမ်းမကြီးလမ်းကြောင်း တစ်လျှောက်ရှိနိုင်ငံများဆီသို့ ကုန်စည်အဓိကဖြန့်ဖြူးပေးနိုင်သည့် အဓိကကျသည့် ကုန်စည်ဖြန့်ဖြူးရေးစင်တာတစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံတွင် ခေတ်သစ်ပိုး လမ်းမကြီး အစပျိုးဖော်ဆောင်မှုစတင်ခဲ့သည့် ၂ဝ၁၃ ခုနှစ်မှ စတင်၍ ထို စင်တာမှ ကုန်စည် ရထားပေါင်း ၁၄၄ဝ ကျော်...
ကျူးဟိုင်၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်ကျူးဟိုင်တွင် တရုတ်နိုင်ငံထုတ် kunlong AG600 ကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်ခဲ့သည်။ ၎င်းမှာ ကုန်းရေ နှစ်မျိုးသွားလာနိုင်ပြီး အကျယ်အဝန်းမှာ ၃၉ မီတာ အထိကျယ်ပြန့်သောကြောင့် ကမ္ဘာ့အကြီးဆုံး ကုန်းရေ နှစ်မျိုးသွားလေယာဉ်ကြီးဖြစ်လာခဲ့သည်။ လေယာဉ်ကြီး မှာ မကြာမီ တရုတ်နိုင်ငံအလယ်ပိုင်း Jingmen...
ဘန်ကောက်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာသည် နိုင်ငံရေးကန့်သတ်မှုအချို့ကို ဖြေလျှော့ရန် ကြားဖြတ် အခြေခံဥပဒေ၏ ပုဒ်မ ၄၄ အရ ၎င်း၏ ဆုံးဖြတ်ခွင့်အာဏာကို အသုံးပြုမည်ဖြစ်ကြောင်း သြဂုတ်လ ၂၈ ရက်က ပြောကြားခဲ့သည်။