ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ၊ မဟာအစ ပထမကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း ကမ်းပါးပြိုကျမှုကြောင့် လူ ၁၅ဦးသေဆုံးပြီး ၄၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ခတ္တမန္ဒူ ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ဇူလိုင်လ ၂ ရက်မှစ၍ နီပေါ တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၉ ခုတွင် ရေကြီးမြေပြိုမှုများတွေ ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ လူ ၅၉ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း နီပေါ ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ၂၀၁၈ အာဆီယံယူ ၁၉ ချန်ပီယံရှစ် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် ဒုတိယ ငွေတံဆိပ်ဆု ဆွတ်ခူး ရယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
မော်စကို၊ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် တူရကီနိုင်ငံသမ္မတ အာဒိုဂန်တို့သည် ဆီးရီးယားအရေး အဖြေရှာရန် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဇူလိုင် ၁၄ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်၍ ဆွေးနွေးခဲ့ကြသည်။
နေပြည်တော် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး ပဉ္စမနေ့ဖြစ်သည့် ယနေ့ဇူလိုင် ၁၅ ရက်တွင် ကျင်းပ ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်း အဝေးတွင် ကဏ္ဍ ၄ ရပ်မှ...
ဗိုလ်လုပွဲ ၁၅.၇.၂၀၁၈. ပွဲပြီးရလဒ်
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနောက်ဖက်တွင် ယနေ့ ဇူလိုင် ၁၄ရက်နေ့ နေ့လယ် ၂နာရီဝန်းကျင်တွင် မြေပြိုကျမှုဖြစ်ပွားပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
နေပြည်တော် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး စတုတ္ထနေ့ဖြစ်သည့် ဇူလိုင် ၁၄ ရက်တွင် မူဝါဒ အဆိုပြုချက်များအား ကဏ္ဍအလိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အစုအဖွဲ့အလိုက် ပြန်လည် ဆွေးနွေးခြင်းများအား ပြုလုပ်ခဲ့ကြောင်း သိရသည်။ညီလာခံတွင် နိုင်ငံရေး...
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) လာမည့်ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအတွက် လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မှာကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေ နှင့် ရွှေကျင်မြစ်ရေ မြင့်တက်နိုင်သည့် အတွက် မဒေါက်မြို့နယ်နှင့် ရွှေကျင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့အကြံပြုချက်ထုတ်ပြန်သည်။