တိုကျို၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ အဓိက ကျွန်းတစ်ကျွန်းဖြစ်သော Kyushu ကျွန်းပေါ်ရှိ Shinmoe မီးတောင်သည် ဇွန်လ ၂၇ ရက်တွင် ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ပုဂ္ဂလိကျန်းမာရေးလုပ်ငန်းလိုင်စင် အသစ်လျှောက်ထားသော လုပ်ငန်း(၁၄)ခုအား လုပ်ငန်း လိုင်စင်ချထားပေးမည်ဖြစ်ကြောင်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ (၃/၂၀၁၈)အစည်းအဝေးထံမှ သိရသည်။
မွမ်ဘိုင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) အာရှ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) အုပ်ချုပ်ရေးအဖွဲ့က လက်ဘနွန်နိုင်ငံမှ အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုအား ခွင့်ပြုလိုက်ကြောင်း၊ AIIB ၏ အဖွဲ့ဝင် ၈၇ နိုင်ငံရှိလာပြီဖြစ်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်၌ ဇွန်လ ၂၆ ရက်က ဖော်ပြခဲ့သည်။
ဝဲလ်လင်တန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) နယူးဇီလန် မြောက်ဘက်ကျွန်း South Taranaki ခရိုင်waverleyအနီးတွင် ဇွန် ၂၇ ရက်က ယာဉ် တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၆ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း နယူးဇီလန် လုံခြုံရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၅၁)ရက်မြောက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ (၂၀၁၈) အား အတည်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က ပြောကြားသည်။
နယူးဒေလီ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ်ရှိ ချောက်တစ်ခုအတွင်းသို့ ကားတစ်စီး ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
တိုကျို ၊ ဇွန် ၂၇ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Shizuoka စီရင်စု Hamamatsu မြို့ရှိ မီးပန်းစက်ရုံတစ်ခုတွင် ဇွန် ၂၇ ရက် ဒေသစံတော်ချိန် ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၁ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ဂျပန်မီဒီယာများ၏ ပြောကြားချက် အရသိရသည်။
ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ရေနုတ်မြောင်းပြုပြင်နေသော လုပ်သား ၁၉ဦးသည် ဇွန် ၂၄ရက်နေ့တွင် မှိုများစားသောက်ပြီး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟနွိုင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် အသည်းကင်ဆာကြောင့် နှစ်စဉ် လူ ၂၀,၀၀၀ ခန့်အသက်ဆုံးရှုံးနေရကြောင်း ဗီယက်နမ်နိုင်ငံ အသည်း နှင့် သည်းခြေ အဖွဲ့အစည်း က ဇွန် ၂၇ ရက်တွင်ပြောကြားခဲ့သည်။
ရှန်းကျန့်၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ရှန်းကျန့်တွင်ကျင်းပသည့် International UAV Expo တွင် ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီပေါင်း ၂ဝဝ ကျော် က ၎င်းတို့ ကုမ္ပဏီထုတ် ဒီဇိုင်းများကို လာရောက်ပြသခဲ့ကြသည်။ ပြပွဲတွင်လာရောက်လေ့လာသူတစ်ဦးကလည်း ခေါက်သိမ်းနိုင်သည့်drone ကို နှစ်သက်ကြောင်း၊ ဒီဇိုင်းကအရမ်းကောင်းမွန်ကြောင်း၊ အိတ်ကပ်ထဲသို့လည်းထည့်ကာအလွယ်တကူသယ်ဆောင်သွား နိုင်ကြောင်းဆင်ဟွာကို...