လန်ဒန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) လန်ဒန်မြို့မြောက်ပိုင်း ရှိ ဘူတာရုံတစ်ခု တွင် ပေါက်ကွဲမှုအသေးစားတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ပဲခူးတိုင်း ဒေသကြီးအတွင်းတွင် ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော ဆည်ကန် ၃၉ ခုအနက် ဆည်နှစ်ခုတွင်သာ ရေကျော်စီးဆင်းလျက်ရှိ ကြောင်းနှင့် ယင်းဖြစ်ရပ်သည် သာမန်အဆင့် သာရှိပြီး ထူးထူးကဲကဲရေကျော်သည့် အဆင့် မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
မော်စကို၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်၏ ခရီးစဉ်အတွင်း ရုရှားနှင့် တောင်ကိုရီးယား တာဝန်ရှိသူများက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကိုရီးယားကျွန်းဆွယ်ရေး ဆွေးနွေးကြမည် ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Igor Morgulov က ဇွန်လ ၁၉ ရက်က ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ဘုရင် မဟာဗာဂျီရာလောင်ကွန်း ၏ ဘိသိတ်ခံယူပွဲအပြီး တွင် အထွေထွေရွေးကောက်ပွဲအား ကျင်းပသွားမည်ဖြစ်ကြောင်း ဇွန် ၁၉ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း မြောက်လတ္တီ တွဒ် ၁၇.၀၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၆၀ ဒီဂရီ၊ အနက် (၂၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း...
နယူးဒေလီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် ရှိ အိမ်တက်ပွဲတစ်ခုမှ ကျွေးမွေးသော အစားအစာများကို စားသုံးပြီးနောက် ချက်ချင်းပင် အနည်းဆုံး လူ ၃ဦးသေဆုံးခဲ့ပြီး လူ အယောက် ၆၀ကျော် နေထိုင်မကောင်းဖြစ်ခဲ့ကာ တစ်ချို့မှာ အခြေအနေစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ဇွန်...
၁၉.၆.၂၀၁၈. တတိယပွဲ – ပွဲပြီးရလဒ် အုပ်စု A ရုရှား ၃ – ၁ အီဂျစ် (၄၇’,၅၉’,၆၂’) (၇၃’ ပယ်နယ်တီ) ပြိုင်ပွဲမှာ FIFA ranking အရအနိမ့်ဆုံးဖြစ်တဲ့ အိမ်ရှင်ရုရှား အသင်း ကတော့နှစ်ပွဲကစားနှစ်ပွဲနိုင်နဲ့ ၁၆ သင်းရှုံးထွက် နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်။ အီဂျစ်ကတော့ နှစ်ပွဲကစားနှစ်ပွဲရှုံး...
ပေကျင်း ၊ ဇွန် ၂ဝ ရက်(ဆင်ဟွာ)တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ကိုရီးယားအလုပ်သမားပါတီ(WPK) ဥက္ကဋ္ဌ နှင့် မြောက်ကိုရီးယားနိုင်ငံ နိုင်ငံရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန် အား ပေကျင်းမြို့၌ ဇွန်လ ၁၉ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇွန် ၂ဝ ရက်(ဆင်ဟွာ)အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာအမေရိကန်အမြဲတမ်းကိုယ်စားလှယ် နစ်ကီဟယ်လီ(Nikki Haley) က ဇွန်လ ၁၉ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
၁၉.၆.၂၀၁၈. ဒုတိယပွဲ- ပွဲပြီးရလဒ် အုပ်စု H ပိုလန် ၁ – ၂ ဆီနီဂေါလ် (၈၅’) (၃၇’, ၆၀’)