ကိပ်တောင်း ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ပြည်ထဲရေး ဝန်ကြီး Gigabaသည် အကျင့်ပျက်ခြစားမှု သတင်းဆိုးများကြောင့် ရာထူးမှ နုတ်ထွက်ရန် နိုဝင်ဘာ ၁၃ ရက်က သမ္မတ Ramaphosa ထံသို့ နုတ်ထွက်စာတင်ခဲ့ရာ သမ္မတက ၎င်း၏နုတ်ထွက်စာအား လက်ခံခဲ့ကြောင်း တောင်အာဖရိကနိုင်ငံ သမ္မတရုံးကယင်းနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ဂ) အုပ်စု နောက်ဆုံးပွဲစဉ်များ ကို နိုဝင်ဘာ ၁၃ ရက်(ယနေ့)က ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်မြန်မာအသင်းက အိန္ဒိယအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုပထမဖြင့် ခြေစစ်ပွဲ ဒုတိယအဆင့်သို့...
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် – ၁၀၀၀)၌ နိုဝင်ဘာ ၁၃ ရက်၌ ဆီးချိုရောဂါပညာပေးကုသဌာနနှင့် အထူးကုပြင်ပလူနာဌာန (၂)အား ဖွင့်လှစ်ခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် လွယ်ဂျယ်မြို့ဘက်မှ မိုးမောက်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ သိန်း ၉၄၈သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကုက္ကိုဝတံတား အောက်ရှိ မြစ်ကမ်းပါးသည် မြစ်ရေ တိုက်စားမှုများကြောင့် ယမန်နေ့ ညနေ (၄) နာရီခွဲ အချိန်က ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
စင်ကာပူ၊ နိုဝင်ဘာ ၁၄ ၇က် (ဆင်ဟွာ) အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် တရုတ်နိုင်ငံတို့သည် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး ထူထောင်ကာ နယ်ပယ်စုံ၌ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ကြပြီး လွန်ခဲ့သော ၁၅ ကစ၍ တရုတ်နိုင်ငံက အာဆီယံ၏ အယုံကြည်ရဆုံး မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပေသည်။
ဆာနား ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) ဆော်ဒီဦးဆောင်သည့် ညွှန်ပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၁၃ ရက်တွင် ယီမင်နိုင်ငံ ပင်လယ်နီဆိပ်ကမ်း မြို့ ဖြစ်သည့် Hodeidahမြို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဘတ်စ်ကားတစ်စီး ကျည်ထိမှန်ပြီး ယာဉ်ပေါ်ရှိ လူ အနည်းဆုံး ၈ ဦးသေဆုံးခဲ့ကြောင်း Saba News...
နေပြည်တော်၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) ကြိုးနီစနစ် လျှော့ချရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် သင်တန်းများပို့ချရုံသာမက သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နည်းလမ်းရှာရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယနေ့ မေတ္တာရပ်ခံ ပြောကြားခဲ့သည်။
လန်ဒန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့အကြား နိုဝင်ဘာ ၁၃ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ ၎င်းမှာ ဗြိတိန် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ညှိနှိုင်းလာ သည့် တစ် နှစ်ကျော် ကာလ တွင် ထူးခြားသည့်ပြောင်းလဲမှုတစ်ခုဖြစ်သည်ဟု...