ဟာဗာနား၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်စစ်တပ်က ဗင်နီဇွဲလားတွင် ကြားဝင်စွက်ဖက်ရန် အလားအလာရှိမှုအပေါ် ရှုတ်ချမှုပြုကြရန် ကျူးဘားနိုင်ငံ သမ္မတ မီဂူရယ်ဒီရာဒ်ကန်နယ် (Miguel Diaz-Canel) ကနိုင်ငံတကာအဖွဲ့အစည်းများကို ဖေဖော်ဝါရီ လ ၂၅ ရက်နေ့တွင် တောင်းဆိုခဲ့သည်။
ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) ၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီးယားသို့လာရောက်လည်ပတ်သည့် နိုင်ငံတကာခရီးသွားဧည့်သည် အရေအတွက် ၆.၂သန်း ရှိရာ ပြီးခဲ့သောနှစ်ကထက် ၁၀.၇ ရာခိုင်နှုန်း တိုးလာကြောင်း ၊ ၎င်းတို့အနက် တရုတ်ခရီးသွားအရေအတွက်မှာ အများဆုံးဖြစ်ပြီး ၂ သန်း ရှိကြောင်း ကမ္ဘောဒီးယားခရီးသွားလာရေး ဝန်ကြီး Thong Khonက...
မွမ်ဘိုင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ကာနတာကာပြည်နယ် သီယာသာဟာလီခရိုင်ခွဲရှိ ကရာဒီမတ်တီနှင့် ကွတ်ချာလူ သစ်တောကြိုးဝိုင်းများတွင် ဖေဖော်ဝါရီလ ၂၅ ရက်နှောင်းပိုင်းတွင် နောက်ထပ် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) လမ်းဘေးဈေးသည်များ ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သင်တန်းပေးမည်ဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနထံမှ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ စစ်မှုထမ်းဟောင်း လူမှုဖူလုံရေးအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများနှင့် ဘေးကင်းလုံခြုံရေး ထောက်ပံ့ပေးရန် အမျိုးသားစင်တာတစ်ခုအား ဖေဖော်ဝါရီလ ၂၆ ရက်တွင် တရားဝင်စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ထရီပိုလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အချို့နိုင်ငံများ၏ သံတမန်များအနေဖြင့် လစ်ဗျားနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ပါဝင်စွက်ဖက်မှုကို လစ်ဗျားနိုင်ငံ အရှေ့ပိုင်း အခြေစိုက် လွှတ်တော်၏ နိုင်ငံခြားရေးရာကော်မတီက ဖေဖော်ဝါရီ ၂၅ ရက်က ဆန့်ကျင်သတိပေးခဲ့ကြောင်း သိရသည်။
ဘိုဂိုတာ ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား နိုင်ငံ သမ္မတ အပေါ်တွင် သစ္စာခံသည့် အစိုးရ အရာရှိများကို စီးပွားရေး နှင့် သံတမန် ရေးရာ ပိတ်ဆို့မှု အသစ်များအား ထပ်မံ ပြုလုပ်သွားမည်ဟု ကိုလံဘီယာ နိုင်ငံသို့အလည်အပတ် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံ ဒုတိယ...
ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းနှင့် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဟာသင်းပြည်နယ် Vung Ang ဆိပ်ကမ်းတို့အား ချိတ်ဆက်သော ရထားလမ်းတည်ဆောက်ရေးအတွက် ငွေကြေးရှာဖွေရန် နှစ်နိုင်ငံ အစိုးရတို့က ကတိပြုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ဆီဘောက်ဆာယာဉ်ဖြင့် သယ်ဆောင်လာသော ကျပ် သိန်း၁၀၀ တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ကဘူးလ်၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန် လုံခြုံရေးတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်တွင် စစ်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ရာ တာလီဘန်အကျဉ်းထောင်ထဲမှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးအား ကယ်ဆယ်ခဲ့ကြောင်း သိရသည်။