ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) “အဘယ့်ကြောင့် ဤကဲ့သို့ ဘဝမျိုးနှင့် ကြုံတွေ့ရပါသနည်း” ဂျပန် စစ်ကျန် တစ်ဦး၏ တရုတ် နိုင်ငံ အပေါ် မခွဲခွာ နိုင်သော သံယောဇဉ် မှတ်တမ်းတင် ရုပ်ရှင်ဗီဒီယို (English Version) ကို ဆင်ဟွာသတင်းဋ္ဌာနမှ တင်ဆက်ခြင်းဖြစ်ပါသည်။(Xinhua)
အန့်ဟွေး၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန့်ဟွေးဒေသရှိ Maihuayu ကျေးရွာ တောင်ကုန်းများပေါ်၌ ပန်းများရောင်စုံဖူးပွင့်လျက်ရှိရာ ပန်းချီကားတစ်ချပ်သဖွယ် လှပတင့်တယ်လွန်းလှပါတယ်။ အဆိုပါ ပန်းရောင်စုံအလှအပများကို လာရောက်ကြည့်ရှုလည်ပတ်သည့် ရပ်ဝေးရပ်နီးမှ ခရီးသွားများလည်းရှိသည်။ တရုတ်နိုင်ငံတွင် ၎င်းဒေသမှာ သဘာဝကျေးလက်ရှုခင်းအလှအပများဖြင့် နံမည်ကျော်ကြားသည့် နေရာတစ်ခုလည်း ဖြစ်သည်။(Xinhua)
ထိုင်ဝမ်၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံကျင်းမှ Tongliang အနုပညာအဖွဲ့၏ ထိုင်ဝမ်တွင်သွားရောက်ဖျော်ဖြေခဲ့သည့် ရင်သပ်ရှုမောဖွယ်မီးနဂါးအက တင်ဆက်မှုမြင်ကွင်းများကို ဆင်ဟွာသတင်းဋ္ဌာနမှ ရိုက်ကူးထားပါသည်။ (Xinhua)
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ကို ချိတ်ဆက်ပြေးဆွဲမည့် ၄၁၄ ကီလိုမီတာ အရှည်ရှိသည့် တရုတ်-လာအိုရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းမှာ ၉ဝရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီဖြစ်သည်။အဆိုပါ ရထားလမ်းတစ်လျှောက်တွင် အရှည် ၆၂ ကီလိုမီတာရှိသော တံတားများနှင့် အရှည် ၁၉၈ ကီလိုမီတာ ရှိသော ဥမင်လိုဏ်ခေါင်းများလည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါရထားလမ်းမှာ...
အန်ကာရာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံမှ အမေရိကန် တပ်များရုပ်သိမ်းရေးနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တူရကီနိုင်ငံ သမ္မတ ရီဆက် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ဖေဖော်ဝါရီ...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi) သည် ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အဒဲလ် အယ်လ်-ဂျူဘီယာ (Adel al-Jubeir) အား မြို့တော် ပေကျင်း၌ ဖေဖော်ဝါရီလ ၂၁ ရက်က လက်ခံတွ့ဆုံခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဖလမ်းမြို့ရှိ ဆူရ်ဘုန် လေယာဉ်ကွင်းတည်ဆောက်မှုတွင် ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အက်ဆမ်ပြည်နယ်တွင် အရက်တုများ သောက်သုံးပြီးနောက် အမျိုးသမီး ၈ ဦးအပါအဝင် လူ ၁၄ ဦးသေဆုံးကာ အခြားသူ ၁၃ ဦး ဖျားနာခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
မာပူတို၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဆန် တန်ချိန် ၅,၇၀၀ ထောက်ပံ့ရန် တရုတ်နိုင်ငံက ကတိပြုထားသော သဘောတူညီချက်အား မိုဇမ်ဘစ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဆရီနာဂါ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသတွင် နှင်းတောင်ပြိုကျမှုကြောင့် အနည်းဆုံး လူနေအိမ် အလုံး ၃၀ ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။