ပေကျင်း၊ ဖေဖော်ဝါရီ ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ၏ မြို့တော်ပေကျင်းရှိ တားမြစ်မြို့တော် ဟု ကျော်ကြားသည့် နန်းတော်ပြတိုက်တွင် နှစ်ပေါင်း ၉၄ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အလွန်လှပသည့် မီးရောင်စုံများထွန်းညှိ ကာ မီးအိမ်ပွဲတော်ကို ဆင်နွှဲခဲ့ရာ လာရောက်ကြည့်ရှုသူပရိသတ်များဖြင့်အလွန်စည်ကားခဲ့သည်။(Xinhua)
ပုဂံ ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်း အချိန်တွင် ပုဂံမြို့ ၊ ပုဂံဟိုတယ်ရှိ အစည်းအဝေး ခန်းမတွင် စတင်...
ရာဘတ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာမြို့ရှိ Mohammed V လေဆိပ်တွင် မူးယစ်ကုန်ကူးမှုှနှင့် ပတ်သက်မှုရှိကြောင်း စွပ်စွဲချက်ဖြင့် အမျိုးသမီး ၂ ဦးအပါအဝင် တူနီးရှားနိုင်ငံသား ၃ ဦးအား ဖေဖော်ဝါရီလ ၁၉ ရက်က ဖမ်းဆီးခဲ့ကြောင်း မော်ရိုကို ရဲတပ်ဖွဲ့က ကြေညာချက်တစ်ခုတွင်...
ထရိုပိုလီ ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရို၌ ဖေဖော်ဝါရီ ၁၈ ရက်က ဗုံးကွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကာ လူ ၃ ဦး သေဆုံးပြီး အခြား လူပေါင်းများစွာ ဒဏ်ရာ ရရှိစေခဲ့သော ဗုံးခွဲ တိုက်ခိုက်မှု အပေါ် လစ်ဗျား...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် သိန်း ၉,၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀,၀၀၀ ပြား နှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ပါရီ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပြည်သူ့ကျန်းမာရေးစောင့်ကြည့်မှု သုတေသနဌာနက ဖေဖော်ဝါရီ ၁၉ ရက်တွင် စစ်တမ်းရလဒ်တစ်ခု ထုတ်ပြန်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ အရက်သောက်သုံးမှုကြောင့် သေဆုံးသူ ၄၁,၀၀၀ ခန့်ရှိကြောင်း သိရသည်။ ယင်းမှာ ၂၀၀၉ ခုနှစ်နှင့်ယှဉ်လျှင် ၈၀၀၀ ခန့် လျော့နည်းသွားပြီဖြစ်သော်လည်း...
ရီဟာ့ဒ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေနံဈေးကွက်များ တည်ငြိမ်မှုရှိစေရန် ပူးပေါင်းဆောင်ရွက်မည်ဟု ရုရှားသမ္မတ Vladimir Putinနှင့် ဆော်ဒီဘုရင် Salman bin Abdulaziz Al Saudတို့သည် ဖေဖော်ဝါရီ ၁၉ ရက်က ဆွေးနွေးခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီများက ဖော်ပြသော သတင်းများအရ သိရသည်။
ကူဝိတ် ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘော့စနီးယား နှင့် ဟာဇီဂိုးဗီးနားနိုင်ငံ တွင် လမ်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃၉.၄၄ သန်း (ကူဝိတ်ငွေ ၁၁.၆ သန်း) ကို ချေးရန်သဘောတူညီချက်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် ထော်ပိုင်ကျေးရွာအုပ်စုရှိ လယ်ဧက ၂၂၆၀၀ ကျော်ထဲ သို့ ရေငန် မဝင်ရောက်စေရေးအတွက် ရေငန်တားတမံ တည်ဆောက်မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဂျနီဗာ၊ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) ဆွစ်ဇာလန်နိုင်ငံ အဲ့လပ်တောင်တန်းဒေသ Crans Montana အနီးရှိ နှင်းလျှောစီးအပန်းဖြေစခန်း တစ်ခု ဖေဖော်ဝါရီ ၁၉ ရက်က ဆီးနှင်းပြိုကျမှုဖြစ်ပွားရာ နှင်းလျှောစီးနေသူ အနည်းဆုံး ၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ၊ ဒဏ်ရာရသူများအနက် ၁ ဦး မှာ ဒဏ်ရာပြင်းထန်ကြောင်း...