ရှန်ဟိုင်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ရှန်ဟိုင်းမြို့တွင် မတ် ၂၉ ရက်မှ စတင်ကာ တရုတ်နိုင်ငံ ၌ နေထိုင်သည့် နိုင်ငံခြားသားများ COVID-19 ကာကွယ်ဆေးထိုးနှံရန် အွန်လိုင်းမှ တဆင့် စာရင်းပေးသွင်းနိုင်ခဲ့သည်။ ရှန်ဟိုင်းမြို့ရှိ COVID-19 ကာကွယ်ဆေးထိုးဋ္ဌာနတွင် ပထမအသုတ်အဖြစ် နိုင်ငံခြားသားများအား ကာကွယ်ဆေး ပထမအကြိမ်...
အာဒစ်အာဘာဘာ ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)အာဖရိကတိုက်၌ C OVID-19 အရေအတွက်မှာ ဧပြီ ၃ ရက်နေ့လည်ပိုင်းတွင် ၄,၂၅၂,၆၇၆ ဦး ရှိလာခဲ့ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) က ပြောကြားခဲ့သည်။
ဂျကာတာ၊ဧပြီ ၅ ရက်(ဆင်ဟွာ)
ပေကျင်း ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက ပညာရေးဌာနများ နှင့် တက္ကသိုလ်များအား ဒေသတွင်းရှိ ကာကွယ်ဆေးထိုး လုပ်ငန်းများနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းသည့် အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ဂျကာတာ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း အရှေ့ Nusa Tenggara ပြည်နယ်တွင် ယနေ့နံနက်အစောပိုင်းတွင် ရုတ်တရက်ရေကြီးမှုများ နှင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၂၀ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရသွားကြောင်း နှင့် အခြား ၅ ဦးပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဆိုသည်။
နယူးဒေလီ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအလယ်ပိုင်း Chhattisgarh ပြည်နယ်၌ “Naxals” ဟု အမည်ရသည့် လက်နက်ကိုင်သူပုန်များ နှင့်ရင်ဆိုင် တိုက်ခိုက်မှုတစ်ခုအတွင်း အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး အခြားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ ဧပြီ ၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဂျကာတာ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် လူနေအိမ်ထောင်ပေါင်းများစွာ ရေကြီးနစ်မြုပ်လျက်ရှိကြောင်း ၊ သို့သော်လည်း ရေများပြန်ကျနေပြီဖြစ်ကြောင်း နှင့် အိမ်တွင်းရေဝင်သဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသူများမှာလည်း မိမိနေအိမ်သို့ ပြန်နေကြပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ဧပြီ ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဧပြီ ၃ ရက်က မီးလောင်မှုကြောင့် သုံးထပ်လူနေအိမ်တစ်လုံး ပြိုကျမှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးသွားကြောင်း သိရသည်။
ပါရီ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံတွင် COVID-19 တတိယ လှိုင်း ရိုက်ခတ်မှုကြောင့် ပြီးခဲ့သည့် စနေနေ့မှစကာ တစ်နိုင်ငံလုံး lockdown အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။ပြင်သစ်နိုင်ငံအတွင်း ဆေးရုံတက်ကုသမှုခံယူနေရသည့် COVID-19 ရောဂါ ပြင်းထန်လူနာပေါင်း ၅,၁၀၀ ကျော်ရှိလာပြီး သေဆုံးသူ အရေအတွက်မှာလည်း ၁သိန်းခန့်အထိ ရောက်ရှိခဲ့သည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုအားထိန်းချုပ်ရန်...
ယူနန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် COVID-19 ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းအား မကြာသေးမီက ကျယ်ပြန့်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။ပြီးခဲ့သည့် ကြာသပတေးနေ့မှ စတင်ခဲ့သည့် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် တက်ဟုန်းတိုင် နှင့် ကျင်းပေါင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများလက်အောက်ရှိ နယ်စပ်ခရိုင် ၄ခု နှင့်မြို့များပါဝင်ခဲ့ကြောင်း ဒေသဆိုင်ရာ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ က အတည်ပြုပြောကြားခဲ့သည်။...