Connect with us

Local

ဝင်ငွေ အသင့်အတင့် ရှိသူများအတွက် အိမ်ခန်း အရေအတွက် ၃၈,၀၄၁ ခန်းအား ဆက်လက်ဖေါ်ထုတ်မည်

ရန်ကုန်မြို့ရှိ အဆောက်အဦးများ မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ကျူးကျော်တဲအိမ်ဖြင့် နေထိုင်ရသော အခြေခံလူတန်းစားများနှင့် လူလတ်တန်းစား ဝင်ငွေ အသင့်အတင့် ရှိသူများ နေထိုင်မှု အဆင်ပြေစေရန် ရည်ရွယ်၍ အစိုးရပိုင် မြေနေရာများ ရှာဖွေပြီး မြို့ကွက်အသစ်များ တိုးချဲ့ ဖောက်လုပ်ခြင်း စီမံကိန်းကို National Housing Policy နှင့် Urban Development Policy ရေးဆွဲဆောင်ရွက် လျက်ရှိကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ ပြည်ထောင်စု အစိုးရ အနေဖြင့် အိမ်ခန်းများ ဖော်ထုတ်လျက်ရှိပြီး ဆက်လက် ဖော်ထုတ်မည့် အိမ်ခန်း အရေအတွက် ၃၈,၀၄၁ ခန်းရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးတင့်မှ ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။

ဖော်ထုတ်ပြီးစီးခဲ့သည့် အိမ်ခန်း အရေအတွက် ၂၀,၆၄၂ ခန်းနှင့် ဆက်လက် ဖော်ထုတ်မည့် အိမ်ခန်း အရေအတွက် ၃၈,၀၄၁ ခန်း စုစုပေါင်း အိမ်ခန်းပေါင်း ၅၈,၆၈၃ ခန့် ဆောင်ရွက်ထားရှိမည် ဖြစ်ကြောင်း ဦးစိုးတင့်ကပြောသည်။

မြို့သစ် စီမံကိန်း များဆောင်ရွက်နိုင်ရန် ပြည်သူကို ဗဟိုပြုသော နည်းစနစ်အရ ရပ်ကွက်/ မြို့နယ်အဆင်‌့ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီများနှင့် စတင်ညှိနှိုင်းဆွေးနွေး သဘောတူညီမှုရယူပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြေယာ ကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ရန် မူဝါဒ ချမှတ်ထားပြီး ဖြစ်ကြောင်း၊ ပြည်သူများကိုယ်တိုင် ပါဝင်စီမံခန့်ခွဲ၍ မြို့သစ် စီမံကိန်းများကို တည်ဆောက ်ကြရမည်ဖြစ်သဖြင့် အမှန်တကယ် လိုအပ်လျက်ရှိသော ပြည်သူများ မြေကွက်နှင့် အိမ်ရာများ ရရှိစေရေး စနစ်တကျ ဆောင်ရွက်နိုင်ကြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ရန်ကုန်တိုင်းတွင် နေရေး ထိုင်ရေးအတွက် ပိုမို အခက်အခဲဖြစ် နေခြင်းများကြောင့် ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နေထိုင်မှုအတွက် အိမ်ခန်းပေါင်း ၅၀,၀၀၀ ကျော် စီစဉ်ထားပြီး၊ ထပ်မံ၍လည်း အနှစ် (၂၀) စီမံကိန်း၊ အနှစ် (၃၀) စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်လျက်ရှိ သည်’’ ဟုဆောက်လုပ်ရေး ဝန်ကြီးဌာနှ ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117