Connect with us

Politics, Law & Military

ဆင်ဟွာသတင်းဋ္ဌာန နှင့် HIV/AIDS ဆိုင်ရာကုလသမဂ္ဂပူးတွဲအစီအစဉ် တို့ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

ဆင်ဟွာသတင်းဋ္ဌာန ဥက္ကဋ္ဌ ချိုက်မင်းကျို (ယာ) နှင့် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် နှင့် UNAIDS အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Michel Sidibe (ဝဲ) တို့ မေ ၁၂ က လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဋ္ဌာန နှင့် HIV/AIDS ဆိုင်ရာကုလသမဂ္ဂပူးတွဲအစီအစဉ် (UNAIDS) တို့သည် HIV/AIDS ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာမြှင့်တင်သွားရန် မေ ၁၂ ရက်က သဘောတူခဲ့ကြောင်း သိရသည်။

ဆင်ဟွာသတင်းဋ္ဌာန ဥက္ကဋ္ဌ ချိုက်မင်းကျောက် နှင့် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ UNAIDS အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Michel Sidibe တို့ တွေ့ဆုံပြီးနောက် ယင်းသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ချိုက် က ဆင်ဟွာသတင်းဋ္ဌာနသည် UNAIDS နှင့် ပူးပေါင်းဆောင်ရွက်မှုအား လွန်စွာ အလေးထားပါကြောင်း၊ ၎င်းတို့၏ လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း နှင့် UNAIDS ၏ “သုည သုံးလုံး” မျှော်မှန်းချက် အား ဆောလျင်စွာ အကောင်အထည်ပေါ်လာစေရန် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ UNAIDS ၏ “သုည သုံးလုံး” မျှော်မှန်းချက် ဆိုသည်မှာ HIV ရောဂါပိုး ကူးစက်မှု ကင်းစင်ရေး၊ လူတန်းစွာခွဲခြားမှု ပပျောက်ရေး နှင့် AIDS ရောဂါကြောင့် သေဆုံးမှု မရှိစေရေး တို့ဖြစ်ကြသည်။

Sidibe က HIV/AIDS ရောဂါကာကွယ်ရေးအား အဆင့်မြှင့်တင်ရာတွင် ဆင်ဟွာ၏ အားထုတ်ကြိုးပမ်းမှုများကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဆင်ဟွာအနေဖြင့် UNAIDS ၏ HIV/AIDS ရောဂါကာကွယ်ရေး အသိပညာပေးမှုများတွင် ဆက်လက်ထောက်ပံ့သွားနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.