Connect with us

Politics, Law & Military

တောင်တရုတ်ပင်လယ် အပြုအမူဆိုင်ရာ သတ်မှတ်ချက် မူဘောင် တရုတ်နှင့် အာဆီယံ သဘောတူ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့တွင် ပြုလုပ်သည့် တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း (DOC) ၁၄ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်လာသော တရုတ်နှင့် အာဆီယံ ခေါင်းဆောင်များအား မေလ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ် အပြုအမူဆိုင်ရာ သတ်မှတ်ချက် (COC) မူဘောင် တစ်ခုကို တရုတ်နှင့် အာဆီယံ နိုင်ငံများမှ အဆင့်မြင့် ခေါင်းဆောင်များက မေလ ၁၈ ရက်တွင် သဘောတူခဲ့ကြကြောင်း သိရသည်။

တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း (DOC) အကောင်အထည်ဖော်ခြင်း ၁၄ ကြိမ်မြောက် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ကျင်းပစဉ်တွင် ယခုလို သဘောတူညီချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယင်း အစည်းအဝေး၌ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လျူကျန့်မင်နှင့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ချီဝီကွမ်တို့က ပူးတွဲ သဘာပတိ ပြုလုပ်ခဲ့ပြီး ယခုအစည်းအဝေးကို ဇူလိုင်လအတွင်း ပြုလုပ်မည့် တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအတွက် ပြုလုပ်ခြင်းလည်း ဖြစ်သည်။

လုပ်ငန်းအစီအစဉ်အရ တရုတ်နှင့် အာဆီယံ နိုင်ငံများက COC အတွက် မူဘောင် အကြမ်းအပေါ် အဆုံးသတ် ဆွေးနွေးညှိနှိုင်ပွဲအား ယခုနှစ် ပထမနှစ်ဝက်၌ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

အဆိုပါ မူဘောင်သည် COC ညှိနှိုင်းဆွေးနွေးခြင်း လုပ်ငန်းစဉ်အားလုံးမှာ အဆင့်လိုက် အရေးပါသော ရလဒ်များ ဖြစ်သလို နောက်ထပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် ခိုင်မာသည့် အုတ်မြစ် တစ်ခုလည်း ဖြစ်ကြောင်း လျူက ပြောသည်။

အစည်းအဝေးအတွင်း DOC ဆက်လက် အကောင်အထည်ဖော်ရေးအတွက် နိုင်ငံများအားလုံးက သဘောတူခဲ့ကြပြီး ညှိနှိုင်းဆွေးနွေးမှုမှတစ်ဆင့် အငြင်းပွားမှုများကို အဖြေရှာရေး၊ ဒေသတွင်း စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်နှင့်အတူ စီမံခန့်ခွဲမှု မတူညီခြင်းများ၊ ပင်လယ်ရေကြောင်းဆိုင်ရာ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်ချမ်းရေး ထိန်းသိမ်းမှုနှင့် ဒေသတွင်း တည်ငြိမ်ရေး ရှေ့ဆက် လုပ်ဆောင်ရန် သဘောတူခဲ့ကြကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ အစည်းအဝေး၌ နည်းပညာဆိုင်ရာ ကော်မတီ သုံးခု တည်ထောင်ခြင်းအား ခွင့်ပြုခြင်း၊ တရုတ်-အာဆီယံ အဆင့်မြင့် သံတမန်များအကြား အရေးပေါ် ဆက်သွယ်ရေး ပလက်ဖောင်း စမ်းသပ်လျှောက်ထားမှု ရလဒ်များကို သဘောတူခြင်းနှင့် ၂၀၁၆-၂၀၁၈ လုပ်ငန်း အစီရင်ခံစာအား မွမ်းမံခြင်း စသည်တို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်သည် DOC လက်မှတ်ရေးထိုးခြင်း ၁၅ နှစ်ပြည့်မြောက်သည့် နှစ်လည်း ဖြစ်သည်။ တောင်တရုတ်ပင်လယ်အတွင်း လိုက်လျောညီထွေရှိသော ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တည်ထောင်ကာ DOC အကောင်အထည်ဖော်ရန် နိုင်ငံများအားလုံးက သဘောတူခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.