Connect with us

Politics, Law & Military

တပ်မတော်၏ ငြိမ်းချမ်းရေးရပ်တည်ချက်သည် ငြိမ်းချမ်းရေးမဟာဗျူဟာဖြစ်သည့် NCA လမ်းကြောင်းပေါ်တွင် မသွေမဖည် ခိုင်ခိုင်မာမာရပ်တည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကာချုပ်ပြောကြား

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၄ ရက် (ဆင်ဟွာ)

တပ်မတော်၏ ငြိမ်းချမ်းရေးရပ်တည်ချက်သည် ငြိမ်းချမ်းရေးမဟာဗျူဟာဖြစ်သည့် NCA လမ်းကြောင်းပေါ်တွင် မသွေမဖည် ခိုင်ခိုင်မာမာရပ်တည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) လမ်းကြောင်းကို လျှောက်လှမ်းရာတွင်လည်း တပ်မတော်၏ ငြိမ်းချမ်းရေးမူ(၆)ရပ်နဲ့အညီ ခိုင်မာစွာ ရပ်တည်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ NCA ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက်ချခိုင်းတဲ့ စာချုပ်မဟုတ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တပ်မတော်ရဲ့ငြိမ်းချမ်းရေးမူ(၆)ရပ်ဟာ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှု သမိုင်းတွေက ရရှိလာတဲ့ တပ်မတော်ရဲ့ “အသိတရား” ဖြစ်သလို လက်ရှိငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် “အရှိတရား”ဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဖြစ်စဉ်များချုပ်ငြိမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးဟာ တပ်မတော်ရဲ့ အလိုလားဆုံး ဆန္ဒလည်း ဖြစ်ပါတယ်။ NCA ရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်ပါအတိုင်း ပါဝင်သင့်ပါဝင်ထိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာရေးအတွက် ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားပြီး လက်ကမ်းကြိုဆို လျက်ရှိပါတယ်’’ ဟုပြောကြားခဲ့သည်။

မြန်မာနိုင်ငံကဲ့သို့ လက်နက်ကိုင်ပဋိပက္ခများ နှင့် ရင်ဆိုင်နေရသည့် နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းရန်အတွက် လက်နက်ကိုင် ပဋိပက္ခများ မဖြစ်မနေ ချုပ်ငြိမ်းရန် လိုအပ်ကြောင်း၊ ပါတီစုံဒီမိုကရေစီခေတ်ကာလ ပထမ ၅ နှစ် သက်တမ်းတွင် ယခင်အစိုးရအနေ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်တွင် ငြိမ်းချမ်းရေး စတင်ဖိတ်ခေါ်ခဲ့ကြောင်းကိုလည်း လည်းကောင်းက ပြောကြားခဲ့သည်။

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရမည့် နိုင်ငံရေးပြဿနာအဖြစ်ခံယူပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြားတွင် ရက်ပေါင်းများစွာ၊ လပေါင်းများစွာနှင့် ကာလကြာရှည်စွာ ် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာမှုများရဲ့ ရလဒ်အဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နဲ့ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

“NCA ကို စတင်ဆွေးနွေးစဉ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး လက်မှတ်ရေးထိုးတော့မယ့်အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့ ၈ ဖွဲ့နဲ့သာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် NCA မှာပါဝင်တဲ့ အကြောင်းအရာအချက်အလက်များဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သဘောတူညီထားတဲ့အချက်များလို့ ဆိုရမှာဖြစ်ပါတယ်။’’ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

NCA သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက စတင်အဆိုပြုခဲ့သည့် အယူအဆနှစ်ရပ်အပေါ် အခြေပြုပြီး ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ပထမအယူအဆအနေဖြင့် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြားတွင် တစ်ဖွဲ့ချင်းနဲ့ လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များသာရှိသည့်အတွက် တစ်နိုင်ငံလုံးလွှမ်းခြုံသည့် နိုင်ငံရေးဆွေးနွေးပွဲတွေစတင်နိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အပစ်ရပ်သဘောတူညီချက်တစ်ခု ရှိသင့်သည်ဆိုသည့် အယူအဆတစ်ခု ဖြစ်ကြောင်း၊ ဒုတိယအယူအဆအနေဖြင့် ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ကြသည့် အပစ်ရပ်သဘောတူညီချက် များသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲသည့် အဆင့်တွင်ရှိပြီး၊ အပစ်ရပ်ပြီးသည့် နောက် သဘောတူညီချက်များကို စောင့်ကြည့်ခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ဖို့အတွက် အာမခံချက်များ၊ သဘောတူညီမှုများ တိကျစွာမရှိသဖြင့် အပစ်ရပ်လုပ်ငန်းများ ပြန်လည်ပျက်ပြားခဲ့ရသည့် ဖြစ်စဉ် ဖြစ်ရပ် များကြောင့် ၎င်းအချက်အလက်များကို အချိန်ကာလသတ်မှတ်ချက်များနဲ့ တိတိကျကျ အကောင်အထည်ဖော်ရန် လိုအပ်မှုအယူအဆပင်ဖြစ်ကြောင်း၊ ထို့ကြောင့် NCA တွင် ထိုယူဆချက်များကို အပြည့်အဝ အာမခံချက်ပေးထားခြင်းကို တွေ့ရမည်ဖြစ်ကြောင်း ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန်ယုံကြည်မှုရှိဖို့ လွန်စွာ အရေးကြီးပြီး အဲဒီ ယုံကြည်မှုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှုအတွက် ကြီးမားတဲ့ တွန်းအားတစ်ရပ်လည်း ဖြစ်စေပါတယ်။’’ ဟုပြောသည်။

NCA အခန်း(၁)တွင် ပါရှိသည့် အခြေခံမူများထဲတွင် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ဖို့ ရှင်းလင်းစွာ ဖော်ပြ ထားရှိကြောင်း၊ သို့သော်ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများတွင် လက်နက်စွဲကိုင်ပြီး နိုင်ငံရေးအခွင့်အရေး တောင်းဆိုခြင်းများအား ခွင့်မပြုသည့်အတွက် NCA တွင် ပါရှိသည့် နိုင်ငံရေးလမ်းပြမြေပုံနှင့် အညီ နိုင်ငံရေး ဆွေးနွေးမှုရလဒ်များကနေ တိုးတက်ဖြစ်ပေါ်လာသည့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ် များအား ပြုလုပ်ကြရမှာဖြစ်ကြောင်း သိရသည်။

“တပ်မတော်အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး မဟာဗျူဟာဖြစ်တဲ့ NCA နဲ့ တပ်မတော်ရဲ့ ငြိမ်ချမ်းရေးမူဝါဒ(၆)ရပ်တို့အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်လျက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံပြီး နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ် သစ္စာရှိရှိ၊ တာဝန်သိသိနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း’’ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိဂုံးချုပ်စကားပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117