Connect with us

Myanmar

နိုင်ငံကူးလက်မှတ်များကို စနစ်သစ်ဖြင့် ဖေဖော်ဝါရီလကုန်ခန့်တွင် ပြန်လည်ထုတ်ပေးမည်

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)ရှေ့၌ ၂၀၂၂ခုနှစ်တွင် passport လုပ်ဆောင်ရန် စောင့်ဆိုင်းနေသော လူများအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) များကို စနစ်သစ်ဖြင့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလကုန်ခန့်တွင် ပြန်လည်ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)မှ အရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
” ဒီ ၂၄ရက်မှာ ကျွန်တော်တို့ website ကနေ online Booking စနစ်သစ်နဲ့ ပြန်လျှောက်ထားနိုင်ပြီ၊ ဒီလကုန်ဆိုရင်တော့ စပြီး ပတ်စပို့တွေပြန်ထုတ်ပေးနိုင်ပါပြီ၊ ခု စနစ်သစ်က တစ်ပတ်အတွင်း ပတ်စပို့ထုတ်နိုင်တဲ့ အားသာချက်ရယ်၊ အချက်အလက်တွေကို onlineကဖြည့်ပြီး လျှောက်နိုင်တာတွေ၊ ငွေသွင်းတာကို Kpayတို့ဘာတို့နဲ့ လုပ်နိုင်တာတွေ ပြင်ဆင်ထားလို့ ပိုမြန်ဆန်နိုင်ပါတယ်”ဟု ၎င်းကဆိုသည်။
အဆိုပါ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို အွန်လိုင်းကနေ လျှောက်ထားနိုင်သည့်စနစ်အား ပြင်ဆင်ရန် ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း၊ ပတ်စ်ပို့ ထုတ်ပေးသည့် လုပ်ငန်းစဉ်များကို ယခင်ထက် ပိုမိုသွက်လက်မြန်ဆန်အောင် ပြင်ဆင်ထားပြီး မကြာခင်ရက်ပိုင်းအတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံကူးလက်မှတ် များအား ဖေဖော်ဝါရီ ၂၄ရက်မှ စတင်ပြီး www.passport.gov.mm Website မှ Online Booking စနစ်သစ်ဖြင့် ကိုယ်တိုင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ Online Bookingစနစ်အား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)၌သာ ကျင့်သုံးမည်ဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးများရှိ ရုံးခွဲများ၌ ယခင်လျှောက်ထားမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ယနေ့ ထုတ်ပြန်သော ထုတ်ပြန်ချက်အရ သိရသည်။
ယင်းထုတ်ပြန်ချက်တွင် Online Bookingစနစ်ရယူရာ၌ အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူ လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တစ်ပါတည်း ပေးချေရမည်ဖြစ်ကြောင်း၊ Online Bookingလျှောက်ထားရန် အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာမြို့မရဲစခန်းများတွင် အကူအညီတောင်းခံ၍ လျှောက်ထားနိုင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ယင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်း အပါအဝင် Online ရက်ချိန်းယူခြင်းများကို ရပ်ဆိုင်းခဲ့သည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117