Politics, Law & Military
မိုင်းဖြတ်မြို့နယ်အတွင်း လက်နက်/ခဲယမ်းသယ်ဆောင်လာသူများအား ဖမ်းဆီးရမိ
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
မိုင်းဖြတ်မြို့နယ်အတွင်း မော်တော်ဆိုင်ကယ် နှစ်စီး ဖြင့် လက်နက်/ခဲယမ်းသယ်ဆောင်လာသူများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်ရှိ မယ်ယန်းစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအားစစ်ဆေးစဉ် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၉နာရီခန့်တွင် တာချီလိတ်ဘက်မှ မိုင်းဖြတ်ဘက်သို့မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှစ်စီးအား စစ်ဆေးရန်ရပ်တန့်စေရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။
အဆိုပါမော်တော်ဆိုင်ကယ်နှစ်စီးအား ပူးပေါင်းအဖွဲ့ကလိုက်လံဖမ်းဆီးခဲ့ရာ နံနက် ၁၀ နာရီခွဲတွင် မိုင်းဖြတ်မြို့အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသည့် လော်အဲ(ဘ)ဦးလော်မူးနှင့် လော်ဖာ(ဘ)ဦးလော်ဂေးတို့၏ မော်တော်ဆိုင်ကယ် များအား စစ်ဆေးရာ လော်အဲ၏မော်တော်ဆိုင်ကယ်အင်ဂျင်အထက်ကာဗာအတွင်းမှ ပစ္စတိုနှစ်လက်၊ ကျည်အိမ်နှစ်ခု၊ ကျည် ၃၀ တောင့်၊ ထိုင်းဘတ်ငွေလေးသိန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါလက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများအား မိုင်းဖြတ်မြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)