Connect with us

Africa & Middle East

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တာလီဘန်တို့ ပါဝင် လာစေရန် အာဖဂန် သမ္မတ တိုက်တွန်းပြောကြား

လုံခြုံရေးစောင့်ကြပ်နေသည့် အာဖဂန်နစ္စတန် တပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ မိုဟာမက် ရှာရက်ဖ် ဂါနီ က တာလီဘန်စစ်သွေးကြွများအနေဖြင့် လက်နက်ချပြီး ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များအတွင်း ပါဝင်လာရန် ဇွန်လ ၂၅ ရက်က ထပ်မံ တိုက်တွန်းခဲ့ကြောင်း သိရသည်။

သမ္မတ ဂါနီ က “သင်တို့ဟာ အာဖဂန်လူမျိုးတွေဖြစ်တယ်ဆိုရင် နိုင်ငံအတွင်းငြိမ်းချမ်းရေး နဲ့ လုံခြုံရေး တည်ငြိမ်ဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ ပါဝင်သင့်ပါတယ်” ဟု သမ္မတနန်းတော်တွင် အစ်ပွဲတော်ကျင်းပပြီးနောက် တာလီဘန်စစ်သွေးကြွများအား တိုက်တွန်းပြောကြားခဲ့သည်။သမ္မတ က တာလီဘန်များတွင် အချိန်ရှိတော့မည်မဟုတ်ကြောင်း၊ ၎င်းတို့ကို ထောက်ပံ့နေသူများသည်လည်း အကျပ်အတည်းအခြေအနေသို့ ရောက်ရှိနေပြီး ၎င်းတို့လည်း ထိုအခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

သို့သော် တာလီဘန်များအား မည်သည့်နိုင်ငံက ထောက်ပံ့ပေးနေကြောင်းကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။တစ်ချိန်တည်းမှာပင် တာလီဘန်ခေါင်းဆောင် Mullah Haibatullah Akhundzada က အာဖဂန်နစ္စတန်နိုင်ငံအတွင်း ပြည်ပတပ်ဖွဲ့ဝင်များရှိနေသရွေ့ အစိုးရ နှင့် မည်သည့် ဆွေးနွေးမှုမျိုးကိုမျှ ပြုလုပ်သွားမည် မဟုတ်ကြောင်း နှင့် နိုင်ငံအတွင်းရှိ ပြည်ပတပ်ဖွဲ့ဝင်များကို ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဇွန်လ ၂၃ ရက်က ပြောကြားခဲ့သည်။အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လများအတွင်း အာဖဂန်လူမျိုးတို့သည် စစ်သွေးကြွတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ခံစားခဲ့ရသော်လည်း ဇွန်လ ၂၅ ရက်တွင် လုံခြုံရေးတင်းကြပ်စွာဖြင့် ဥပုသ်ပြီးဆုံးသော အထိမ်းအမှတ်ဖြစ်သည့် ဘာသာရေးပွဲတစ်ခုကို ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117