Environment, Disasters & Accidents
ငလျင်အန္တရာယ် ကာကွယ်ရေး စီမံကိန်းအတွက် EUက အမေရိကန်ဒေါ်လာ ရှစ်သိန်း ပံ့ပိုးကူညီ
ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
UNDP နှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ ငလျင်အန္တရာယ် ကာကွယ်ရေး စီမံကိန်းများ အတွက် ဥရောပသမဂ္ဂက အမေရိကန်ဒေါ်လာ ရှစ်သိန်း ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မြန်မာနိုင်ငံသည် ငလျင်အန္တရာယ် ကျရောက်နိုင်သည့် ပြတ်ရွေ့လမ်းကြောင်း အတွင်းရှိနေသဖြင့် ငလျင်လှုပ်ခတ်ပါက ပြည်သူများ ကာကွယ်ရေး အသိပညာများ သိရှိစေရန်နှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) နှင့် မြန်မာအစိုးရတို့ အမျိုးသားအဆင့်နှင့် ဒေသအဆင့် ငလျင်အန္တရာယ် ကာကွယ်ရေး စီမံကိန်းများကို ဇူလိုင်လမှစ၍ ၁၈ လကြာ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ငလျင်အန္တရာယ် ကာကွယ်ရေး စီမံကိန်းကို ဒေသအဆင့်အနေဖြင့် ရန်ကုန်တိုင်းဒေ သကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့၌ စီမံကိန်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ငလျင်အန္တရာယ် ကာကွယ်ရေး လုပ်ငန်းများအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေး၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးအတွက် ပြည်သူများ အသိပညာ တိုးပွားရေး လုပ်ငန်းစဉ်များကို စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)