Connect with us

Asia

မာရာဝီမြို့ပဋိပက္ခအတွင်း သေဆုံးသူ ၅၃၇ ဦးထိ ရှိနေပြီဖြစ်ကြောင်း ဖိလစ်ပိုင် စစ်တပ်ပြော

ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့ ၌ တိုက်ပွဲဖြစ်ပွားနေသည့် မြင်ကွင်းတစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခတိုက်ပွဲများအတွင်း ဖိလစ်ပိုင်စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင် ၉၃ ဦးအပါအဝင် သေဆုံးသူဦးရေမှာ ၅၃၇ ဦး ရှိနေပြီဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ် ( AFP) က ဇူလိုင်လ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် Restituto Padilla ကပြောကြားရာတွင် ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် ည ၇ နာရီထိ ရရှိခဲ့သော စာရင်းများအရ အနည်းဆုံး အစ္စလာမ္မစ် စစ်သွေးကြွ ၃၉၉ ဦး နှင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ သူပုန်များထိန်းချုပ်ထားရာ မြို့၌တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့်အတူ သေဆုံးသူဦးရေမှာလည်း ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ၏ တစ်ခုတည်းသော အစ္စလာမ်ဘာသာဝင်များနေထိုင်သည့် မာရာဝီမြို့၌ အိုင်အက်စ်စစ်သွေးကြွများက မြို့တွင်းဆေးရုံ ၊ စာသင်ကျောင်း နှင့် အစိုးရအဆောက်အအုံများအား တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် မေလ ၂၃ ရက်မှ စတင်ကာ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် အိုင်အက်စ်တို့အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ ခြေကုပ်ရယူရန် ကြီးမားသော အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ဆိုသည်။ ယင်းဒေသတွင် ဖိလစ်ပိုင်မွတ်စလင်များ နှင့် အခြားသော မွတ်စလင် လက်နက်ကိုင်များက ဆယ်စုနှစ်များစွာ အစိုးရအား ဆန့်ကျင်ပုန်ကန်မှု ပြုလုပ်ခဲ့သည်။ဖိလစ်ပိုင်စစ်တပ်အနေဖြင့် မာရာဝီမြို့အတွင်းရှိ အဆောက်အအုံများ နှင့် ဗလီများအတွင်း ပုန်းခိုနေသော စစ်သွေးကြွ ၁ဝဝ ကျော်ကို ရှင်းလင်းနိုင်ရန် မြို့အတွင်း စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117