Connect with us

Environment, Disasters & Accidents

တရားမဝင် သယ်ဆောင် လာသည့် သစ်တောထွက် ပစ္စည်းများ နှင့် အိမ်သုံးဆေးဝါးများ စစ်ကိုင်းမြို့နယ် အတွင်း ဖမ်းဆီး ရမိ

တရားမဝင် သစ်တောထွက် ပစ္စည်းများ နှင့် အိမ်သုံးဆေးဝါးများအား ဖမ်းဆီး ရမိစဉ်(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

စစ်ကိုင်းမြို့၊ ကံတလူတိုးဂိတ်အနီး၌ ခရီးသည်တင် မှန်လုံယာဉ်အား ရပ်တန့် ရှာဖွေ စစ်ဆေးရာ တရားမဝင် သယ်ဆောင် လာသည့် သစ်တောထွက် ပစ္စည်းများ နှင့် အိမ်သုံး ဆေးဝါးများအား ဇူလိုင်လ ၁၅ ရက်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ ယာဉ်ပေါ်နှင့် ယာဉ်ဝမ်းဗိုက်အတွင်းမှ ခွင့်ပြုချက်အထောက် အထားတစ်စုံတစ်ရာမပါဘဲ တရားမဝင် သယ်ဆောင်လာသည့် အိမ်သုံး ဆေးဝါးပစ္စည်းမျိုးစုံ ထည့်ထားသည့် ဂျပ်ဖာပုံး(၁၀၂)ပုံး၊ သင်းခွေချပ်များ ထည့်ထားသော ပီနံအိတ် (၅)အိတ် အလေးချိန်(၃၅)ပိဿာ ၊ ဂျီသားရေ(၈)ချပ် ၊ တောဂျင်း ထည့်ထားသော ပီနံအိတ်(၁၂)အိတ်၊ တောင်လုံးကျော်ဥထည့်ထားသော ပီနံအိတ်(၂၀)အိတ်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့မရဲစခန်း၌ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၆(က)/၃၇(က)ဖြင့် လည်းကောင်း ယာဉ်မောင်းနှင်လာသူ နှင့် လိုက်ပါလာသူ တို့အား အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117