Connect with us

Politics

မြန်မာ နိုင်ငံရောက် တရုတ် စစ်မှုထမ်းဟောင်း များအား တရုတ် နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေး နှင့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် ဆုတံဆိပ် ချီးမြင့်

တရုတ် နိုင်ငံတော် ဗဟိုကော်မတီ ၊ တရုတ် နိုင်ငံတော် ကောင်စီ နှင့် ဗဟို စစ်ဘက်ဆိုင်ရာ ကော်မရှင် မှ ပေးအပ် သည့် အထိမ်းအမှတ် ဆုတံဆိပ် အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန် ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရှိ တရုတ် လူမျိုး ကိုယ်စားလှယ် အဖွဲ့ သည် တရုတ် နိုင်ငံ ပေကျင်းမြို့တွင် စက်တင်ဘာ ၃ ရက်နေ့က ကျင်းပ ခဲ့သည့် တရုတ် နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေး နှင့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနား အား တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် အခြေချ နေထိုင်နေသော တရုတ် စစ်မှုထမ်းဟောင်း များကိုယ်စား တရုတ် နိုင်ငံတော် ဗဟိုကော်မတီ ၊ တရုတ် နိုင်ငံတော် ကောင်စီ နှင့် ဗဟို စစ်ဘက်ဆိုင်ရာ ကော်မရှင် မှ ပေးအပ် သည့် အထိမ်းအမှတ် ဆုတံဆိပ် အား လက်ခံရယူ ခဲ့သည်။

ဂုဏ်ပြု အထိမ်းအမှတ် ဆုတံဆိပ် ပေးအပ်ပွဲ အခမ်းအနား အား Hilton Hotels တွင် ကျင်းပ ခဲ့သည်။ အခမ်းအနား တွင် တရုတ် နိုင်ငံတော် အစိုးရ မှ ဂုဏ်ပြု အထိမ်းအမှတ် ဆုတံဆိပ် ပေါင်း ၁၀၀ ကျော်အား ပေးအပ်ခဲ့ပြီး ထိုအတွင်း မှ ၉ ခု သည် မြန်မာနိုင်ငံ ရောက် တရုတ် စစ်မှုထမ်းဟောင်း များအား ပေးအပ် ခဲ့ခြင်း ဖြစ်သည်။ တရုတ် နိုင်ငံ ပင်လယ်ရပ်ခြား တရုတ် လူမျိုး များဆိုင်ရာ ဌာန မှ တရုတ် နိုင်ငံ စစ်မှုထမ်းဟောင်း များအနေဖြင့် မည်သည့် အရပ်တွင် ရောက်ရှိနေသည် ဖြစ်စေ တရုတ် နိုင်ငံ ဖက်ဆစ်တော်လှန်ရေး နှင့် ကမ္ဘာဖက်ဆစ် တော်လှန်ရေး တိုက်ပွဲ အတွက် တိုက်ပွဲဝင်ခဲ့သူ များဖြစ်သဖြင့် တရုတ် ပြည်သူ များနှင့် နိုင်ငံတကာ မှ အသိအမှတ် ပြုမှု ကို ခံရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဂုဏ်ပြု အထိမ်းအမှတ် ဆုတံဆိပ် ပေးအပ်ပွဲ အခမ်းအနား အား တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ မှ တရုတ် လူမျိုး ကိုယ်စားလှယ် အဖွဲ့အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ထိုဂုဏ်ပြု အထိမ်းအမှတ် ဆုတံဆိပ် များအား မြန်မာ နိုင်ငံ ရှိ တရုတ် လူမျိုး ကိုယ်စားလှယ် အဖွဲ့မှ စစ်မှုထမ်းဟောင်း များကိုယ်စား လက်ခံရယူ ခဲ့ပြီး မြန်မာ နိုင်ငံ သို့ရောက်ရှိချိန် တွင် မန္တလေး မြို့ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် ကောင်စစ်ဝန် ရုံးမှ တစ်ဆင့် မြန်မာ နိုင်ငံ ရောက် တရုတ် စစ်မှုထမ်းဟောင်း များထံ သို့ တိုက်ရိုက်ပေးအပ် မည် ဖြစ်သည်။ ဤသို့ ဂုဏ်ပြု အထိမ်းအမှတ် ဆုတံဆိပ် ပေးအပ် ခြင်းသည် တိုက်ပွဲဝင် ခဲ့သည့် စစ်မှု ထမ်းဟောင်း များအား အမြင့်ဆုံး ဂုဏ်ပြုမှု ဖြစ်ကြောင်း သိရှိရသည်။

ဂုဏ်ပြု အထိမ်းအမှတ် ဆုတံဆိပ် ရရှိခဲ့သည့် မြန်မာ နိုင်ငံရောက် တရုတ် စစ်မှု ထမ်းဟောင်း များမှာ အမှတ်စဉ် ၅၃၁ Lin Feng ၊ အမှတ်စဉ် ၈၀၃ Weng Yubang ၊ အမှတ်စဉ် ၈၀၄ Liu Zhaohui ၊ အမှတ်စဉ် ၈၀၅ Zou Rusong ၊ အမှတ်စဉ် ၈၀၆ Zhao Ziyan ၊ အမှတ်စဉ် ၈၀၇ Liu Mingfu ၊ အမှတ်စဉ် ၈၀၈ Cai Zhenji ၊ အမှတ်စဉ် ၈၀၉ Li Guangtian ၊ အမှတ်စဉ် ၈၁၀ Jing Mingqing တို့ ဖြစ်ကြ ပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117