Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)တို့ NCA လက်မှတ်ရေးထိုးရေးနှင့် နေရပ်စွန့်ခွာတိမ်းရှောင်နေသူများအရေး ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)တို့ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဇူလိုင ၂၄ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)တို့သည် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် NCA လက်မှတ်ရေး ထိုးရေး၊ နေရပ်စွန့်ခွာတိမ်းရှောင်နေကြသူများ အရေးကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရသိရသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ ယနေ့ ဇူလိုင်လ ၂၄ရက်နေ့ နံနက် ၁၀နာရီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ်ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က ကချင်ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အခက်အခဲဖြစ်စေသည့် အခြေအနေများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အကြံပြုချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲကို တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာကြီး လလောက်ဂျုံးခေါင်၊ သိက္ခာတော်ရ ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်၊ သိက္ခာတော်ရဆရာ ခေါဘောမ်၊ သိက္ခာတော်ရ ဆရာ ဂွန်ထန် ခွန်နောင်၊ သိက္ခာတော်ရဆရာ လထော်ခွန်နောင်၊ သိက္ခာတော်ရဆရာဒေါင်ခေါင်၊ သိက္ခာတော်ရဆရာ ထွန်းနော်၊ သိက္ခာတော်ရဆရာ လဖိုင်ဇော်ရာ၊ သိက္ခာတော်ရ ဆရာ မရန်ဇော်မန်၊ ဖော်ရမ်ခါးလီ၊ ဒေါ်ဂျာနန်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117