Connect with us

North America

အိုကလာဟိုးမားတွင် အန္တရာယ်ရှိပစ္စည်းများ တင်ဆောင်လာသော ရထားတစ်စီး လမ်းချော်မှုဖြစ်ပွား

အန္တရာယ်ရှိပစ္စည်းများ တင်ဆောင်လာသော ရထားတစ်စီး လမ်းချော်မှုဖြစ်ပွားခဲ့စဉ် (ဓါတ်ပုံ-အင်တာနက်)

ဟူစတန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် တွင် သြဂုတ် ၁၃ ရက်က အန္တရာယ်ရှိပစ္စည်းများ တင်ဆောင်လာသော ရထားတစ်စီး လမ်းချော်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

ပြည်တွင်း သတင်းများအဆိုအရ ရထားသည် ဓါတ်ငွေ့ရည်များ သယ်ဆောင်လာကြောင်း သိရသည်။ ရထားအင်ဂျင်နှစ်လုံး နှင့် နောက်တွဲ ၁၀တွဲ သည် သြဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် ရထားလမ်းပေါ်မှ လမ်းချော်သွားခဲ့ကြောင်း ပြည်တွင်းအရေးပေါ်ဋ္ဌာန တာဝန်ရှိသူ၏ပြောကြားချက်ကို ကိုးကား၍ သတင်းများ၌ဖော်ပြခဲ့သည်။ဝန်ထမ်းများက ဓါတ်ငွေ့ယိုစိမ့်မှု ရှိ၊မရှိ စစ်ဆေးနေပြီး ရထားမတော်တဆဖြစ်ပွားရာ အနီးပတ်ဝန်းကျင် ရှိ နေအိမ်များမှ လူများကို ရွှေ့ပြောင်းပေးခဲ့ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။ သို့သော် နေ့လည်ပိုင်းအထိ မည်သည့် ယိုစိမ့်မှုကိုမျှ မတွေ့ရှိရ၍ ဒေသခံများအား နေအိမ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။ယင်းရထားလမ်းချော်မှုသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ဖြစ်နိုင်ချေရှိပြီး အကြောင်းရင်းအတိအကျကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်းသိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117