Connect with us

Media

မြန်မာနိုင်ငံက ၄ လ ကျော်ကာလအတွင်း သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂၅ သန်းကျော် ရရှိ

ရန်ကုန်၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သော ဧပြီ ၁ ရက်မှ သြဂုတ် ၁၈ ရက်အထိ သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂၅ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ ဩဂုတ် ၂၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ကာလတူတွင် သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၂ သန်းကျော် ရရှိခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ယခုဘဏ္ဍာနှစ်တွင် သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုမှာ ယမန်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ကျဆင်းခဲ့ကြောင်း သိရသည်။

သတ္တုတွင်းထွက်ပစ္စည်းများကို ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၀၄ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး၊ နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အပါအဝင် ကုန်သွယ်မှု မိတ်ဖက်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117