Connect with us

Environment, Disasters & Accidents

သရက်မြို့တွင် ရေဘေးသင့်သူ ၁၅၀၀ကျော်ကို ကယ်ဆယ်ရေးစခန်း ၁၈ခုတွင် ထားရှိ

ကျေးရွာများအတွင်း မြစ်ရေ၀င်ရောက်မှုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်သူ ၁၅၀၀ကျော်ကို ကယ်ဆယ်ရေးစခန်း ၁၈ခုတွင် ထားရှိထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရေနစ်မြုပ်ရွှေ့ပြောင်း ကျေးရွာများသည် ရေပေါ်ကျွန်း၊ ထုံးတောင်၊ ပိတ်သလိမ်း၊ စမ်းအိုင့်၊ ပြရည်နှင့် တောင်မင်းတဲ ရပ်ကွက်တို့ဖြစ်ပြီး အိမ်ထောင်စု ၃၆၈ စု၊ လူဦးရေ ၁၄၇၅ ဦး တို့ကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေရပြီး ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိမလာသေးသော ရေဘေးသင့်ပြည်သူ များလည်း ရှိနေသေးကြောင်း သိရသည်။လက်ရှိတွင် ပြောင်းရွှေ့ နေထိုင်နေရသော ရေဘေးသင့်ပြည်သူများအတွက် သောက်ရေသန့်၊ ဆန် ၊ ဆီများလိုအပ်ပြီး ကျန်းမာရေးအတွက် ဆေးဝါးများလည်း လိုအပ်နေကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117