Connect with us

Culture & Entertainment

ရွှေတိဂုံစေတီတော်တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားနှင့် ဆီမီး ၁၀,၀၀၀ ပူဇော်ပွဲပြုလုပ်မည်

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးတွင် ဆီမီးပူဇော်နေသူများကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ရွှေတိဂုံစေတီတော်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများနှင့် မီးစေတီ ၄ ဆူလှည့်လည်ခြင်းနှင့် ဆီမီး ၁၀,၀၀၀ ပူဇော်ပွဲကို ပြုလုပ်မည်ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်၊ လုပ်ငန်းဌာနတာဝန်ခံ ဦးဘိုးသင်းက ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၁၂ ရက်တွင်ပြောသည်။

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးတွင် ဆီမီးပူဇော်နေသူများကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးတွင် ဆီမီးပူဇော်နေသူများကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“သီတင်းကျွတ်လပြည့်အကြိုနေ့ ဖြစ်တဲ့ ၂၈ ရက် ညနေမှာ မီးထွန်းပူဇော်ဖို့ ရှိပါတယ်။ ညနေ ၅ နာရီမှာ ကျွန်တော်တို့ ပြုလုပ်ထားခဲ့တဲ့ မီးစေတီကို မီးထွန်းပြီး ဘုရားကို တစ်ပတ်ပတ်လှည့်လည်မယ်။ ပြီးရင် ရာဟုထောင့်အောင်မြေမှာ မီးပူဇော်ဖို့ရှိပါတယ်။ လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ မနက်မှာတော့ မနက်အရုဏ်ဆွမ်းတော်ကြီးတင်လှူခြင်းလုပ်မယ်။ ပြီးရင် အဘိဓမ္မာနေ့အခမ်းအနားလေးလုပ်ပါမယ်” ဟု ဦးဘိုးသင်းက ပြောသည်။

သီတင်းကျွတ်အခါသမယ အချိန်ဖြစ်သောကြောင့် စေတီပုံတွင် မီးများထွန်းထားခြင်းကြောင့် မီးစေတီဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့၏ အဘိဓမ္မာအခါတော်နေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှစ၍ ရွှေတိဂုံစေတီတော်ရင်ပြင်စောင်းတန်းများတွင် ပရိတ်ရွတ်ခြင်း၊ ပဌာန်းရွတ်ခြင်း၊ မေတ္တာ ဘာဝနာတရားတော်များ ရွတ်ဖတ်ပွားများခြင်းများကို ပြုလုပ်လျက်ရှိကြောင်း ၎င်းကဆိုသည်။

ဘုရားဖူးပြည်သူများအနေဖြင့်လည်း သီတင်းကျွတ်အခါသမယတွင် မီးပူဇော်ခြင်းကို ပါဝင်ဆင်နွှဲနိုင်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
“အရင်နှစ်ကတော့ စေတီတော်မှာ လှည့်လည်ပွဲလုပ်တဲ့အခါ အကျဉ်းရုံးပြီးလုပ်တာပေ့ါ။ ဒီနှစ်ကတော့ ကိုဗစ်မတိုင်ခင်ကပုံစံအတိုင်း ပြန်လည်ပြီး စည်စည်ကားကား ဆောင်ရွက်မှာဖြစ်ပါတယ်။ အခါကြီး၊ ရက်ကြီးဖြစ်တဲ့အတွက် ကြက်ခြေနီအဖွဲ့တွေအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးကိုပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သီတင်းကျွတ်လပြည့်နေ့အခါသမယတွင်လည်း ပုံမှန်ဘုရားဖွင့်ချိန်ဖြစ်သည့် နံနက် ၅ နာရီမှ ည ၈ နာရီ အထိ ရွှေတိဂုံစေတီတော်ကြီးသို့ ဘုရားဖူးများ လာရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117