Connect with us

Science & Technology

အကြမ်းဖက်ဝါဒ အားပေး လှုံ့ဆော်မှုများ ထိန်းချုပ်နိုင်ရန် အတွက် ဆက်သွယ်ရေး ဝန်ကြီးဌာနက Cyber Law ဖော်ဆောင်နိုင်ရန် ဆောင်ရွက်နေ

ကွန်ပြူတာ ပရိုဂရမ်များ ရေးဆွဲနေသူတစ်ဦး (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အကြမ်းဖက်ဝါဒကို အားပေးလှုံ့ဆော်သည့် ဖေ့စ်ဘွတ်ခ် အကောင့်များကို မသမာသူ အချို့က ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးလာသဖြင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် Cyber Law ဖော်ဆောင်နိုင်ရန် ဆောက်ရွက်လျှက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံးမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် မှုခင်းများ မဖြစ်ပေါ်စေရေး အတွက် Cyber Police အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်သည်။အဆိုပါ အကြမ်းဖက်ဝါဒကို အားပေး လှုံ့ဆော်သည့် ဖေ့စ်ဘွတ်ခ် အကောင့်များကို မသမာသူအချို့က ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးလာသဖြင့် မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်ရာ အနေအထား ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံတော် အစိုးရအနေနဲ့လည်း အကြမ်းဖက် တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အလေးထား ဆောင်ရွက်နေပါတယ်။ အခုဆိုရင် မြန်မာ နိုင်ငံမှာ လူမှု ကွန်ရက်ကို အသုံးပြုပြီး အကြမ်းဖက် လှုံ့ဆော်မှုတွေ လုပ်ဆောင်လာတာ တွေ့နေရတယ်။ ပြီးတော့ လူမှု ကွန်ရက်ကနေ အမျိုးသမီး၊ ကလေးသူငယ်နဲ့ တချို့ကိစ္စတွေ ခြိမ်းခြောက်မှုတွေ လုပ်လာတာ တွေ့ရတယ်။ ဒီလို လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး မှတ်တမ်း၊ မှတ်ရာတွေ ပြုလုပ်ပြီး ဖော်ထုတ် ဆောင်ရွက်သွားမှာပါ။ နည်းပညာပိုင်း အရလည်း လုပ်ဆောင်လို့ ရတာတွေ လုပ်ပြီး ဖော်ထုတ်ရမှာပါ” ဟု နိုင်ငံတော် သမ္မတရုံးမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက နိုင်ငံတော် သမ္မတ၏ ပုံကို အသုံးပြုပြီး အကြမ်းဖက် လုပ်ရပ်တစ်ခုကဲ့သို့ ဖော်ပြထားသည့် ဖေ့စ်ဘွတ်ခ် အကောင့်တစ်ခု ပေါ်ထွက်လာပြီး ယင်းဖေ့စ်ဘွတ်ခ် အကောင့် အသုံးပြုသူ၏ အမည်၊ နေရပ် လိပ်စာများကို လိုအပ်သလို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ကာ အရေးယူသွားရန် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117