Connect with us

Business

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများပါဝင်သည့် အဖွဲ့အစည်းဖွဲ့စည်းရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာခေါ်ယူလျက်ရှိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဆိပ်ကမ်းတစ်ခု၌ ငါးဖမ်းစက်လှေများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံဘက်မှ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများ ပါဝင်သည့် (Myanmar Government Designated Entity Consortium) ဖွဲ့စည်းရေး စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထင်လင်းက ဆင်ဟွာသို့ ယနေ့ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဆိပ်ကမ်းတစ်ခု၌ ငါးဖမ်းစက်လှေများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)


ဒေါက်တာထင်လင်းက “ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် အစိုးရအသိအမှတ်ပြု Consortium ဖွဲ့စည်းဖို့အတွက် ပြင်ပရင်းနှီးမြှုပ်နှံမယ့် စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို ခေါ်ယူရခြင်းဖြစ်ပါတယ်။ လျှောက်ထားကြတဲ့ အပေါ်မှာမူတည်ပြီး စိစစ်ပြီး ပါဝင်နိုင်မယ့် ကုမ္ပဏီတွေကို ရွေးချယ်သွားမှာပါ” ဟုပြောသည်။
အဆိုပါ အဆိုပြုလွှာခေါ်ယူခြင်းကို တတ်နိုင်သမျှစောစော အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

Myanmar GED Consortium တွင် ပါဝင်လိုသည့် နိုင်ငံသားကုမ္ပဏီတွေအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) တင်သွင်းနိုင်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ကဖိတ်ခေါ်ထားပြီး ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရပြည်တွင်းတွင် မှတ်ပုံတင်၍ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသားပိုင် ပုဂ္ဂလိကကုမ္ပဏီ (သို့) အများနှင့် သက်ဆိုင်သောကုမ္ပဏီဖြစ်ရမည် ဖြစ်ကြောင်း၊ ထို့ပြင် ကုမ္ပဏီကသက်တမ်း (၁၀) နှစ်နှင့် အထက် (သို့မဟုတ်) အခြေခံအဆောက်အဦ တည်ဆောက်ရေးအတွေ့အကြုံ (၅)နှစ် ရှိရမည် ဖြစ်ပြီး ရခိုင်တိုင်းရင်းသားကုမ္ပဏီများဖြစ်ပါက သတ်မှတ်ကာလကို လျှော့ပေါ့စဉ်းစားပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၃ နှစ်အတွင်းလုပ်ငန်းမှ ပျမ်းမျှဝင်ငွေ ဒေါ်လာသန်း (၂၀) သို့မဟုတ် ၎င်းနှင့် ညီမျှသည့် မြန်မာကျပ်ငွေရရှိရမည် ဖြစ်သလိုနာမည်ပျက်စာရင်း၊ တားမြစ် ပိတ်ပင်ထားခြင်းနှင့် အရည်အချင်းမပြည့်မီဟုသတ်မှတ်ထားသော ကုမ္ပဏီမဖြစ်ရကြောင်းအသိပေးထားကြောင်း၊ ကုမ္ပဏီတွင် လိုအပ်သည့် ပညာရှင်နှင့် အခြားကျွမ်းကျင်ဝန်ထမ်း လုံလောက်စွာ ခန့်ထားရမည်ဖြစ်ပြီး နည်းပညာကျွမ်းကျင်ဝန်ထမ်းများကိုစီမံကိန်းတွင် ထောက်ပံ့ပေးနိုင်ရမည်ဟု သတ်မှတ်ထားကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ထုတ်ပြန်ချက်အရ သိရသည်။

Myanmar GED Consortium တွင် ပါဝင်လိုကြောင်းစတင်အဆိုပြုသည့် အချိန်တွင် အနည်းဆုံးဒေါ်လာ (၅) သန်းထည့်ဝင်နိုင်ကြောင်း အထောက်အထားတစ်ခုခုတင်ပြနိုင်သော ကုမ္ပဏီဖြစ်ရမည်ဟု လုပ်ငန်းအဖွဲ့၏ EOI ဖိတ်ခေါ်စာတွင် ဖော်ပြထားပြီး လွန်ခဲ့သည့် ၃ နှစ်အတွက် ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းကို စာရင်းစစ်အစီခံစာနှင့် အတူပူးတွဲတင်ပြနိုင်ရမည်ဖြစ်ကာ အခွန်ကင်းရှင်းကြောင်း အထောက်အထားလည်းတင်ပြရမည်ဟု ထုတ်ပြန်ထားကြောင်း၊ စိတ်ဝင်စားသော ကုမ္ပဏီများ အနေဖြင့် EOI အဆိုပြုလွှာတစ်စုံလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ဝယ်ယူပြီး EOI နဲ့ ဆက်စပ်စာရွက်စာတမ်းတွေကို ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

“ကျောက်ဖြူအထူးစီးပွားရေးဇုန်က တရုတ်နိုင်ငံက CITIC ရယ်၊ မြန်မာအစိုးရရယ်၊ အခုပြောတဲ့ GED ရယ် သုံးခုပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်လို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်ရတာဖြစ်တယ်။ ဖွဲ့စည်းပြီးရင် ရင်းနှီးငွေတွေထည့်ဝင်ပြီး ဒီစီမံကိန်းကြီးကို အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်ဆောင်ရွက်ရင် မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးတွေလည်း တက်လာမယ်။ မြန်မာနိုင်ငံက ကုန်တွေ၊ တရုတ်နိုင်ငံက ကုန်တွေကို အနောက်နိုင်ငံတွေကို အလွယ်တကူနဲ့ ကုန်သွယ်လို့ရတဲ့ အခြေအနေဖြစ်သွားပါတယ်။ အခုအချိန်မှာ လျှောက်လွှာတွေ လာရောက်လျှောက်ထားနေကြပါပြီ။ အဲဒီထဲကမှ စိစစ်ရွေးချယ်သွားမှာပါ” ဟု ဒေါက်တာထင်လင်းက ဖြည့်စွက်ပြောကြားသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117