Connect with us

Media

မြန်မာနိုင်ငံသို့ ၂ လအတွင်း ခရီးသွားဧည့်သည် ၂၆၀,၀၀၀ ကျော် ဝင်ရောက်

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ယခုနှစ် ပထမနှစ်လတာအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၂၆၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
ဇန်နဝါရီလတွင် နိုင်ငံခြားခရီးသွားဧည့်သည် ၁၄၀,၀၀၀ ကျော် ဝင်ရောက်ပြီး ဖေဖော်ဝါရီလတွင် ၁၂၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ မတ် ၂၅ ရက်တွင် ပြောသည်။

ယခုနှစ်တွင်နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ယခင်နှစ် အလားတူကာလက ဧည့်သည်ဝင်ရောက်မှု ၈၅,၀၀၀ ကျော်နှင့် နှိုင်းယှဉ်ပါက သိသိသာသာတိုးလာကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှု အများဆုံး ခရီးသွား ဧည့်သည်များမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။

ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ခရီးစဉ်ဒေသများ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နိုင်ငံတကာ ခရီးသွားလုပ်ငန်း ပြပွဲများတွင် ပါဝင်ပြသရေးနှင့် ဒစ်ဂျစ်တယ် မားကတ်တင်း ပြုလုပ်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လာရောက်လည်ပတ်သူများအကြား ရေပန်းစားသော နေရာများမှာ ကျိုက်ထီးရိုးစေတီ၊ ချောင်းသာကမ်းခြေ၊ ရှေးဟောင်းသုတေသနနေရာ ပုဂံ၊ ငွေဆောင်ကမ်းခြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် တို့ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117