Connect with us

Local

မောင်တော မြို့နယ်ရှိ ရင့်မှည့် မိုးစပါးများအား စတင် ရိတ်သိမ်း

ရင့်မှည့် မိုးစပါးများအား စတင် ရိတ်သိမ်းနေစဉ်(ဓာတ်ပုံ- Myanmaalinn)

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ မိုးစပါးစိုက်ဧက ၇ဝဝဝဝ ကျော်အနက် ရိတ်သိမ်းရန် အခက်အခဲဖြစ်ပေါ်နေ သည့် ရင့်မှည့်မိုးစပါးလျာထားဧက ၄၅၁၈၆ ဧကကို စက်မှု လယ်ယာဦးစီးဌာနက ကူဘိုတာ ရိတ်သိမ်း ခြွေလှေ့ စက်ကြီး များဖြင့် စတင် ရိတ်သိမ်းနေပြီဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

မောင်တောမြို့နယ် မြို့သူကြီး ကျေးရွာရှိ စံပြ မျိုးစပါးစိုက်ကွက် ၁ဝ ဧက နှင့် အလယ်သံကျော်ကျေးရွာ အုပ်စုရှိ ဒေသခံများ၏ မိုးစပါးစိုက်ဧက ၁၂ဝဝ ကို ရိတ်သိမ်းခြွေလှေ့စက်ကြီး သုံးစီးစီဖြင့် အောက်တိုဘာ ၂၈ ရက်တွင် စတင် ရိတ်သိမ်း လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရိတ်သိမ်းရာတွင် စက်မှုလယ်ယာဦးစီးဌာနက ကူဘိုတာ DC 70 G ခေါ် မြင်းကောင်ရေ ၇ဝ အားရှိ ရိတ်သိမ်း ခြွေလှေ့ စက်ကြီး ၃၂ စီးဖြင့် ရိတ်သိမ်းရန် စီစဉ် ဆောင်ရွက်လျက်ရှိရာ လတ်တလော ရိတ်သိမ်း ခြွေလှေ့ စက်ကြီး ၁၄ စီးဖြင့် စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ နှစ်လလုံး စက်ကြီးများဖြင့် ရိတ်သိမ်းပေးသွားမည် ဖြစ်ပြီး လိုအပ်ပါက ဇန်နဝါရီလ အထိ ရိတ်သိမ်းပေးရန် ကြိုတင်စီစဉ် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် စက်မှု လယ်ယာဦးစီးဌာနမှူး ဦးတင်မောင်ကြည်က ပြောသည်။မောင်တောမြို့နယ်တွင် ကြိမ်ချောင်း၊ ခြံပြင်၊ လေးမိုင်၊ မောရဝတီ၊ အင်းဒင်၊ ခမောင်းဆိပ်၊ တောင်ပြိုတို့တွင် ရှေ့တန်း စခန်း ခုနစ်ခု ဖွင့်လှစ်၍ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများစုဖွဲ့ကာ ဆက်လက်ရိတ်သိမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

”ဒီစုဖွဲ့ထားတဲ့အဖွဲ့က ပိုင်ရှင်မဲ့လိုဖြစ်နေတဲ့ လယ်တွေကို ရိတ်သိမ်းတဲ့အခါ တောင်သူအမည်၊ ဦးပိုင် အမှတ်၊ ထွက်ရှိတဲ့ စပါးတင်းအရေအတွက်ကို တတ်နိုင်သမျှ စာရင်းပြုစုထားမယ်။ သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ အဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက်နဲ့အညီ စာရင်းအတိအကျနဲ့ ရိတ်သိမ်းပြီး စနစ်တကျ သိုလှောင် ထားရှိမှာ ဖြစ်ပါတယ်”ဟု ပြည်နယ် စက်မှုလယ်ယာ ဦးစီးဌာနမှူးက ပြောသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117