Connect with us

Politics, Law & Military

မြန်မာ အစိုးရ အနေဖြင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အပေါ် လက်ခံ ကျေနပ်ခြင်း မရှိကြောင်း သတင်း ထုတ်ပြန်

နိုင်ငံတော် အထိမ်းအမှတ် အမှတ်တံဆိပ်အား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar State Counsellor Office)

ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ကိုင်တွယ်ဖြေရှင်း နေဆဲဖြစ်သော အခြေအနေ တစ်ရပ် နှင့် ပတ်သက်ပြီး လိုအပ်မှု မရှိဘဲ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်းအပေါ် မြန်မာအစိုးရအနေဖြင့် လက်ခံ ကျေနပ်ခြင်းမရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ နိုဝင်ဘာ ၇ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြု ဟူသော အခြေခံမူကို ကိုင်စွဲထားသည့် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့၏ ရပ်တည်ချက်ကို အသိအမှတ် ပြုကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဥက္ကဋ္ဌ၏ ထုတ်ပြန်ကြေညာချက်ကို နိုဝင်ဘာလ ၆ ရက်တွင် ထုတ်ပြန်ခဲ့ရာ ထုတ်ပြန်ချက်သည် မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့ ရင်ဆိုင်နေရသော ပြဿနာများအား နှစ်နိုင်ငံ ဆွေးနွေးကာ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုဖြင့် ဖြေရှင်းမှသာအောင်မြင်မှု ရနိုင်သည်ဆိုသည့်အချက်ကို လျစ်လျူရှုထားခဲ့ကြောင်း ၊ ထို့အပြင် အဆိုပါ ထုတ်ပြန်ချက်ကြောင့် နှစ်နိုင်ငံအကြား ချောမောစွာ သွားနေသည့် စေ့စပ်ဆွေးနွေးမှုများကို ထိခိုက်စေမည့်အန္တရာယ်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရ၏ လူမျိုး၊ ဘာသာ အဆင့်အတန်းခွဲခြားမှုမရှိဘဲ အကျပ်အတည်း ဖြစ်နေသောသူ အားလုံးထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်မှုကို အောင်မြင်စွာ လုပ်ဆောင်ပေးခဲ့မှု အပါအဝင် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကြိုးပမ်းမှုအချို့အဝက်ကိုသာ အသိအမှတ်ပြုခဲ့ကြောင်း ဖော်ပြထားသည်။

ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသကဲ့သို့ ဘင်္ဂလားဒေရှ့် ပြည်ထဲရေးဝန်ကြီးသည် အောက်တိုဘာလ ၂၃ ရက် မှ ၂၅ ရက် အထိ နေပြည်တော်သို့ လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နယ်စပ်လုံခြုံရေး အပေါ် ကောင်းမွန်စွာ အကျိုးသက်ရောက်နိုင်မည့် အရေးပါသော စာချုပ်နှစ်ခုကို လက်မှတ် ရေးထိုးခဲ့ကြကြောင်း ဖော်ပြထားသည်။

တချိန်တည်းမှာပင် မြန်မာအစိုးရတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသောသူများ နေရပ်သို့ ပြန်လည်ရောက်ရှိလာရေးအတွက် ဘင်္ဂလားဒေရှ့်အာဏာပိုင်များနှင့် ချစ်ခင်ရင်းနှီးစွာ ဆက်လက်ဆွေးနွေးလျက် ရှိကြောင်း ၊ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးအားလည်း နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားထားခဲ့ပါသည်။ ထိုသို့ ဖိတ်ကြားခြင်းမှာ နှစ်ဦးနှစ်ဖက် လက်ခံကျေနပ်သော သဘောတူညီချက်တစ်ရပ် ခရီးစဉ်အတွင်း ရရှိရန် မျှော်မှန်းချက်ဖြင့် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.