Connect with us

Africa & Middle East

ဥရောပ တိုက်အတွင်း သို့ တရားမဝင် သွားရောက်သည့် နိုင်ဂျီးရီးယား နိုင်ငံ သား ၂၆ ဦး မြေထဲပင်လယ်၌ နစ်မြုပ် သေဆုံး

မြေထဲပင်လယ် မှ တစ်ဆင့် စက်လှေဖြင့် ဥရောပတိုက်သို့ တရားမဝင် ကူးပြောင်း နေသူများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အာဘူဂျာ ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယား နိုင်ငံ အစိုးရ က နိုင်ငံသား ၂၆ ဦးသည် ဥရောပ တိုက်အတွင်း သို့ တရားမဝင် ကူးပြောင်း ခဲ့ရာတွင် မြေထဲပင်လယ် အတွင်း၌ နစ်မြုပ်သေဆုံးခဲ့ကြောင်း နိုဝင်ဘာ ၇ ရက်နေ့၌ အတည်ပြု ထုတ်ပြန်ခဲ့သည်။

နိုင်ဂျီးရီးယား နိုင်ငံ အစိုးရ ထုတ်ပြန်ခဲ့သည့် ကြေညာ ချက်တွင် ယခုဖြစ်ပွား ခဲ့သည့် ကိစ္စရပ် သည် ဝမ်းနည်းဖွယ် ကောင်းသည့် အဖြစ်အပျက် တစ်ခု ဖြစ်ကြောင်း ၊ နိုင်ဂျီးရီးယား နိုင်ငံ ရှိ လူငယ်များသည် ပိုမိုကောင်းမွန်သည့် အလုပ်အကိုင် နှင့် လူနေမှု ဘဝ ရရှိရန် အတွက် အလွန်အန္တရာယ် များသည့် ခရီးလမ်းကို ရွေးချယ် ခဲ့ကြကြောင်း ၊ သို့သော် နောက်ဆုံးတွင် မျှော်လင့်ချက်မဲ့ခြင်း နှင့် ကြုံတွေ့ရပြီး သေဆုံးခဲ့ရသဖြင့် မဆောင်ရွက်သင့်ကြောင်း ပါဝင် ခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ယခု ကဲ့သို့ မြေထဲ ပင်လယ်မှ တစ်ဆင့် ဥရောပ တိုက် အတွင်း သို့ တရားမဝင် ကူးပြောင်းခြင်း အတွက် အလွန်မြင့်မား သည့် အခကြေးငွေ ယူလေ့ရှိပြီး ပို့ဆောင်သည့် သင်္ဘော မှာလည်း တစ်နေ့တစ်ခြား ပိုမို သေးငယ်လာကာ အလွန် အန္တရာယ် များကြောင်း ၊ နိုင်ဂျီးရီးယား နိုင်ငံ အစိုးရ က ပြည်သူလူထု တို့အား အန္တရာယ် ကို နားလည်နိုင်ရန် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117