Connect with us

Africa & Middle East

အစ္စရေး၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့နေမည် မဟုတ်ဟု လက်ဘနွန် ဟစ်ဇဘိုလာက ပြောကြား

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၌ ပြုလုပ်သော ဟစ်ဇ်ဘိုလာ တပ်မှူး Taleb Abdullah ၏ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲတွင် ရုပ်သံမိန့်ခွန်းပြောကြားနေသည့် လက်ဘနွန် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Nasrallah အား ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
အစ္စရေး၏ ခြိမ်းခြောက်မှုများကို ဟစ်ဇ်ဘိုလာက ကြောက်ရွံ့နေမည်မဟုတ်သလို အခက်အခဲများကို ရင်ဆိုင်ရန် အသင့်ပြင်ထားပြီး ဖြစ်သည်ဟု လက်ဘနွန်နိုင်ငံ ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Nasrallah က ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေးနှင့် စစ်ပွဲ စတင်မည်ဆိုလျှင် ဟစ်ဇ်ဘိုလာအနေဖြင့် “အကန့်အသတ်မရှိ” တိုက်ခိုက်သွားမည် ဖြစ်ပြီး “ဟစ်ဇဘိုလာရဲ့ ဒုံးကျည်နဲ့ဒုံးပျံတွေက အစ္စရေးကို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေလိမ့်မယ်”ဟု ဟစ်ဇ်ဘိုလာ တပ်မှူး Taleb Abdullah ၏ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲ ပြုလုပ်သည့်နေ့ ဇွန် ၁၉ ရက်တွင် Nasrallah က ပြောကြားခဲ့ကြောင်း လက်ဘနွန် နိုင်ငံပိုင် သတင်းအေဂျင်စီက ယင်းနေ့တွင် ဖော်ပြခဲ့သည်။ (Xinhua)


……………………..
(Chinese Version)
新华简讯|黎巴嫩真主党表示无惧以色列威胁
新华社贝鲁特6月19日电 黎巴嫩真主党领导人纳斯鲁拉19日表示,真主党不惧怕以色列的威胁,已经做好应对困难的准备。
据黎巴嫩国家通讯社19日报道,纳斯鲁拉当天在悼念真主党指挥官塔利布·阿卜杜拉的活动上发表电视讲话说,一旦与以色列开战,真主党将“不受限制地”战斗,“真主党的导弹和火箭弹可以给以方造成重大损失”。(完)
1. 6月19日,在黎巴嫩首都贝鲁特,黎巴嫩真主党领导人纳斯鲁拉在悼念真主党指挥官塔利布·阿卜杜拉的活动上发表电视讲话。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.