Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ် လက်မှတ်ရေးထိုး

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့ လက်မှတ်ရေးထိုးစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန)

ရန်ကုန် ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ် သည် ၁၉၉၂ ခုနှစ်က ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ အစိုးရတို့အကြား နိုင်ငံခြားရေးဝန်ကြီးအဆင့်တွင် လက်မှတ်ရေးထိုးခဲ့သည့် ပူးတွဲ ကြေညာချက်ကို အခြေခံ၍ ရေးဆွဲထားပြီး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကို စနစ်တကျ စိစစ်လက်ခံရာတွင် လိုက်နာဆောင်ရွက်ရမည့် အထွေထွေ မူဘောင်များနှင့် မူဝါဒရေးရာ အစီအမံများပါရှိကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံများက လည်းကောင်း၊ အိုအိုင်စီအဖွဲ့ကလည်းကောင်း၊ နိုင်ငံတကာတွင် ဖိအားပေးကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင်လည်းကောင်း၊ အထွေထွေညီလာခံ၏ တတိယကော်မတီတွင် လည်းကောင်း၊ အဆိုမူကြမ်း ချမှတ်ခဲ့သည့်အပြင် လုံခြုံရေးကောင်စီတွင် သဘာပတိ၏ ထုတ်ပြန်ချက်ဖြင့်လည်းကောင်း ချမှတ်ကာ နိုင်ငံတကာအရေးကိစ္စအဖြစ် ကြိုးပမ်း ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများအကြား အရေးကိစ္စပေါ်ပေါက်လာပါက နှစ်နိုင်ငံချင်း ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းရမည်ဟု ခိုင်မာစွာ ရပ်တည်ခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ယခုကဲ့သို့ နှစ်နိုင်ငံချစ်ခင်ရင်းနှီးမှုကို အခြေခံကာ နှစ်ဦးနှစ်ဘက် လက်ခံနိုင်မည့်ရလဒ်ကို ရယူခဲ့ခြင်းဖြင့် မိမိ၏ ဆုပ်ကိုင်ထားသော ရပ်တည်ချက် အပေါ် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်ကို ယနေ့ မွန်းလွဲ ၂နာရီတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာအဘူလ်ဟတ် ဆန်မာမွတ်အလီ တို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117