Connect with us

Politics, Law & Military

ဝန်ကြီးဌာန နှစ်ခု တိုးချဲ့ခြင်း၊ ဝန်ကြီး နှစ်ပါး ခန့်အပ်ခြင်းကို လွှတ်တော် အတည်ပြု

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဟူသည့် ဝန်ကြီးဌာန နှစ်ခု တိုးချဲ့ ဖွဲ့စည်းခြင်း၊ ၎င်းဌာနများအတွက် ပြည်ထောင်စု ဝန်ကြီး နှစ်ပါး ခန့်အပ်ခြင်း နှင့် အဂတိ တိုက်ဖျက်ရေး ကော်မရှင် အသစ် ဖွဲ့စည်းခြင်း တို့ကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ ပိုမို ထိရောက် အောင်မြင်မှု ရရှိနိုင်ရေးနှင့် လုပ်ငန်းတာဝန်များ ဆက်စပ်ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များအရ ယခုကဲ့သို့ ဝန်ကြီးဌာန နှစ်ခု တိုးချဲ့ဖွဲ့စည်းရသည်ကို လွှတ်တော်က အတည်ပြု ပေးနိုင်ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ နိုဝင်ဘာ ၁၈ ရက်တွင် ပေးပို့ခဲ့သည့် သဝဏ်လွှာအား ၂၀ ရက်နေ့ လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က လာရောက် ရှင်းလင်း တင်ပြခဲ့ပြီး ယနေ့ အစည်းအဝေးတွင် အကြံပြု ဆွေးနွေးသူ တစ်ဦးသာ ရှိကာ ကန့်ကွက်သူ မရှိသဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဝန်ကြီးဌာနနှစ်ခုတွင် ခန့်အပ်မည့် ဝန်ကြီးနှစ်ပါးအနက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန အတွက် ပြည်ထောင်စု ဝန်ကြီး အဖြစ် သံအမတ်ကြီး (ငြိမ်း) ဦးသောင်းထွန်းအား ခန့်အပ် လိုခြင်း အပေါ် ကယား ပြည်နယ် မဲဆန္ဒနယ် အမှတ်( ) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိမ်းက ကန့်ကွက်ခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေများနှင့် အညီ ခိုင်လုံသော အထောက်အထား တင်ပြနိုင်ခြင်း မရှိသဖြင့် ၎င်း၏ ကန့်ကွက်မှုမှာ ပျက်ပြယ်ခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထို့အတူ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် သို့တင်ပြခဲ့သည့် အဖွဲ့ဝင် ၁၂ ဦးပါ အဂတိ တိုက်ဖျက်ရေး ကော်မရှင် အသစ် ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းပြီး ကန့်ကွက်လွှာ တင်သွင်းသူ လွှတ် တော် ကိုယ်စားလှယ် မရှိသဖြင့် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117