Connect with us

Politics, Law & Military

ဇင်ဘာဘွေနိုင်ငံ သမ္မတသစ်အတွက် တရုတ်နိုင်ငံက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ဇင်ဘာဘွေနိုင်ငံ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုနေသော Emmerson Mnanganwa အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇင်ဘာဘွေနိုင်ငံ သမ္မတသစ် Emmerson Mnanganwa ထံသို့ နိုဝင်ဘာလ ၂၄ ရက်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

သမ္မတ ရှီ၏ သဝဏ်လွှာအတွင်း၌ တရုတ်နိုင်ငံနှင့် ဇင်ဘာဘွေနိုင်ငံတို့သည် မိတ်ဆွေကောင်းများ၊ မိတ်ဖက်ကောင်းများနှင့် ညီအစ်ကိုကောင်းများ ဖြစ်ကြောင်း ပါရှိသည်။ နှစ်နိုင်ငံ ဆက်ဆံရေးသည် စမ်းသပ်ခံ အချိန်ကာလအား ကြံ့ကြံ့ခံနိုင်ခဲ့ပြီး နိုင်ငံတကာ အခြေအနေအား ပြောင်းလဲနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဇင်ဘာဘွေနိုင်ငံနှင့် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုအား တရုတ်နိုင်ငံက တန်ဖိုးထားကြောင်း၊ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုခိုင်မာရေးအတွက် အတူတကွ လုပ်ဆောင်ရန် အသင့်ရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ကာ နှစ်နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးကျေးဇူးများ ယူဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ပြောကြားခဲ့သည်။Mnanganwa သည် ဇင်ဘာဘွေနိုင်ငံ သမ္မတအဖြစ် နိုဝင်ဘာလ ၂၄ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117