Connect with us

Europe

တရုတ်သေနတ်ပစ်အားကစားသမားများက ရွှေတံဆိပ် ၅ ခုဆွတ်ခူး၊ Duplantis က တုတ်ထောက်ခုန်အားကစားတွင် စံချိန်ချိုး

ပဲရစ်အိုလံပစ်အားကစားပွဲ၊ အမျိုးသား ၂၅ မီတာ ပစ္စတိုအမြန်ပစ် ဖိုင်နယ်ပွဲတွင် တရုတ်အားကစားသမား Li Yuehong (ဝဲ) ယှဉ်ပြိုင်နေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်အားကစားပွဲတွင် အသက် ၃၄ နှစ်အရွယ် Li Yuehong က ၂၅ မီတာ ပစ္စတိုအမြန်ပစ်ပြိုင်ပွဲ၌ အနိုင်ရရှိခဲ့ပြီးနောက် တရုတ်နိုင်ငံအတွက် ပဉ္စမမြောက် သေနတ်ပစ်အားကစား ရွှေတံဆိပ်ဆုကို ဩဂုတ် ၅ ရက်က ဆွတ်ခူးရရှိနိုင်ခဲ့ပြီး ဆွီဒင်နိုင်ငံမှ Armand Duplantis ကလည်း အမျိုးသား တုတ်ထောက်ခုန်အားကစားတွင် ၆.၂၅ မီတာဖြင့် ကမ္ဘာ့စံချိန်ချိုးခဲ့ရာ ၎င်း၏ ယခင်စံချိန်ဖြစ်သော ၆.၂၄ မီတာကို ကျော်လွန်ခဲ့ကြောင်း သိရသည်။

ယခုအခါ တရုတ်နိုင်ငံသည် အိုလံပစ်အားကစားပွဲ ဆုဇယားတွင် ရွှေတံဆိပ် ၂၁ ခုဖြင့် ထိပ်ဆုံး၌ ရပ်တည်လျက်ရှိပြီး ယင်းနောက်တွင် အမေရိကန်နိုင်ငံက ရွှေတံဆိပ် ၂၀ ဖြင့် ရပ်တည်လျက်ရှိသည်။

ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၃ ခု ရရှိထားသော တရုတ်နိုင်ငံသည် သေနတ်ပစ်အားကစား၌ ထိပ်ဆုံး၌ ရှိနေသလို အိုလံပစ်အားကစားပွဲတွင် အကောင်းဆုံးစံချိန်ကိုလည်း ရရှိထားကြောင်း၊ ယင်းစံချိန်မှာ ၂၀၀၈ ခုနှစ်တွင် တရုတ်သေနတ်ပစ်အားကစားသမားက ရရှိထားသော ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၁ ခုထက် ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ (Xinhua)


……………………………..
(English Version)
Chinese shooters conclude with five golds, Duplantis breaks pole vault WR
PARIS, Aug. 5 (Xinhua) — 34-year-old Li Yuehong claimed China’s fifth shooting gold at Paris 2024 after his victory in 25m rapid fire pistol here on Monday, while Armand Duplantis of Sweden cleared a world record 6.25m to triumph in the men’s pole vault, breaking his own previous mark of 6.24m.
China now stands atop the medal tally with 21 gold medals, closely followed by the United States with 20 golds.
With five gold, two silver and three bronze medals, China top the medal table in shooting and have achieved their best record at an Olympics, surpassing that of Beijing 2008, where Chinese shooters collected five gold, two silver and one bronze medals on home soil.
Photo 1: Li Yuehong (L) of China competes during the men’s 25m rapid fire pistol final at the Paris Olympics on Aug. 5, 2024. (Xinhua/Zhao Dingzhe)