Connect with us

Europe

ဆူပူအုံကြွမှုများကို ကိုင်တွယ်ဖြေရှင်းရန် ဗြိတိန်အစိုးရ အရေးပေါ်အစည်းအဝေး ခေါ်ယူ

လန်ဒန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

ရက်အနည်းငယ်အတွင်း ဗြိတိန်နိုင်ငံ နေရာအများအပြား၌ ဖြစ်ပွားသည့် ဆူပူအုံကြွမှုများကို ကိုင်တွန်ရန် ဗြိတိန်အစိုးရက ဩဂုတ် ၅ ရက်တွင် အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့သည်။

ရဲတပ်ဖွဲ့အင်အားကို တိုးမြှင့်ရန် ကျွမ်းကျင်သော ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် “အရန်တပ်ဖွဲ့” တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ပြစ်မှုကျူးလွန်သူများကို ရာဇဝတ်မှုဖြင့် အရေးယူခြင်းကို မြှင့်တင်သွားမည်ဖြစ်ပြီး ဆူပူအုံကြွမှု၌ ပါဝင်သူများအား ဥပဒေအရ“ဘက်စုံအရေးယူ” သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။
ဆူပူအုံကြွမှု၌ ပါဝင်သူများ ဥပဒေအရ အမြန်ဆုံး အရေးယူခံရရေးအလို့ငှာ ဗြိတိန် တရားရုံးအနေဖြင့် လိုအပ်ချက်အရ တရားရုံးချိန်ကို ထပ်တိုးနိုင်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်အိမ်တော် ပြောရေးဆိုခွင့်ရှိသူ၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဆူပူအုံကြွမှုတွင် ပါဝင်သူ ၃၇၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ၊ ပြစ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့က ဖော်ထုတ်လာနိုင်ခြင်းနှင့်အတူ ဖမ်းဆီးခံရသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဗြိတိန် အမျိုးသား ရဲချုပ်များကောင်စီ (NPCC) ဥက္ကဋ္ဌ Gavin Stephens က ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ အင်္ဂလန် အနောက်မြောက်ပိုင်း Merseyside ကောင်တီ Southport မြို့နယ်တွင် ဇူလိုင် ၂၉ ရက်က ဓားကိုင်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး မူလတန်းကျောင်းအကသင်တန်းသို့ ဝင်ရောက်၍ပြစ်မှုကျူးလွန်ခဲ့ခြင်းကြောင့် ကလေးငယ် ၃ ဦး သေဆုံးပြီး လူအများအပြား ဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။ အဆိုပါအခင်းဖြစ်ရပ် ဖြစ်ပွားပြီးနောက် လန်ဒန်၊ လီဗာပူးလ်၊ ဘရစ်စတိုး၊ ဟောအ်၊ မန်ချက်စတာ စသည့်နေရာအများအပြားတွင် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ရာမှ အကြမ်းဖက် ဆူပူအုံကြွမှုအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဆူပူအုံကြွသူအချို့က ဒုက္ခသည်များကို လက်ခံထားသည့် ဟိုတယ်၊ ဗလီကျောင်း၊ ဈေးဆိုင် စသည်တို့ကို ဖျက်ဆီးခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ကာ ရဲကားကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ Keir Starmer က ယင်းဆူပူအုံကြွမှုကို “လက်ယာစွန်းများ၏ အကြမ်းဖက်မှု” ဟု ဆိုသည်။ ဗြိတိန်တွင် ဆူပူအုံကြွမှုများဖြစ်နေမှုနှင့်ပတ်သက်၍ ဩစတြေးလျ၊ မလေးရှားနှင့် နိုင်ဂျီးရီးယား နိုင်ငံတို့က ၎င်းတို့ နိုင်ငံသားများအား ခရီးသွား သတိပေးချက်များ ထုတ်ပြန်ထားသည်။ (Xinhua)

…………………………
(Chinese Version)
英国政府召开紧急会议以应对骚乱
英国政府5日召开紧急会议,以应对数日来在英国多地出现的骚乱事件。
英国首相斯塔默在会后表示,英国将通过组建一支由专业警察构成的“常备军”来增强警力,同时加强对肇事者刑事司法追责,使骚乱参与者受到法律“全面制裁”。首相府发言人在一份声明中说,英国法院可根据需要延长开庭时间,以确保骚乱参与者尽快受到法律制裁。
英国国家警察局长理事会主席加文·斯蒂芬斯表示,过去一周英国已逮捕378名骚乱参与者,随着更多肇事者被警方识别,被捕人数还会继续上升。
英国英格兰西北部默西赛德郡绍斯波特镇7月29日发生一起持刀袭击事件,一名17岁男性嫌疑人闯入小学生舞蹈课行凶,造成3名儿童死亡,另有多人受伤。该事件发生后,伦敦、利物浦、布里斯托尔、赫尔、曼彻斯特等多地发生抗议活动,并演变成暴力骚乱事件。一些骚乱者对难民收容酒店、清真寺、商铺等进行破坏,并袭击警察、烧毁警车。斯塔默将暴力骚乱描述为“极右翼暴行”。澳大利亚、马来西亚和尼日利亚已向其公民发出有关英国骚乱的旅行警告。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.