Connect with us

Africa & Middle East

အစ္စရေးစစ်တပ်က ဂါဇာမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၀၀ သေဆုံး

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ဂါဇာမြို့တွင် အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြေကွဲနေကြသော ဒေသခံပြည်သူများကို သြဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်က ဂါဇာမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းကို သြဂုတ် ၁၀ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး အခြားလူ ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ကြောင်း ကြေညာချက်အား ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) မီဒီယာရုံးက အဆိုပါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဗုံးကြဲတိုက်ခိုက်ခံရသည့် Al-Taba’een စာသင်ကျောင်း၌ အိုးအိမ်မဲ့ဒုက္ခသည် အများအပြား နေထိုင်ကြပြီး အစ္စရေးစစ်တပ်က ဗုံးကြဲချိန်တွင် ပြည်သူအများအပြား ဝတ်ပြုနေကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့သည်။ သေဆုံးသူ အရေအတွက် များပြားမှုကြောင့် ကယ်ဆယ်ရေးသမားများအနေဖြင့် သေဆုံးသူ အားလုံး၏ ရုပ်အလောင်းများကို ရှာဖွေနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ဟားမက်စ်အနေဖြင့် ထိုဗုံးကြဲတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
အစ္စရေးလေတပ်က “ထောက်လှမ်းမှုများအရ” ဂါဇာမြို့နှင့်ကပ်လျက်ရှိသော ဗလီ၊ ဟားမက်စ်ကွပ်ကဲရေးစင်တာရှိသော Al-Taba’een စာသင်ကျောင်းကို တိကျစွာ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အစ္စရေးက ၎င်းနေရာသည် ဟားမက်စ်အဖွဲ့ဝင်များ ပုန်းအောင်းနေသည့်နေရာများထဲမှ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယခင်နှစ် အောက်တိုဘာလ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ဖန် ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်း ၃၉,၀၀၀ ကျော် သေဆုံးကာ ၉၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာန၏ ဩဂုတ် ၈ ရက်က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ (Xinhua)


…………………………………………………………..
(Chinese Version)
以军轰炸加沙城一学校造成至少100人死亡
新华社加沙8月10日电(记者黄泽民)巴勒斯坦伊斯兰抵抗运动(哈马斯)媒体办公室10日发表声明说,以色列军队当天早上轰炸了加沙城一所学校,造成逾100人死亡,另有数十人受伤。
声明说,遭轰炸的塔宾学校有大量流离失所民众栖身,以军轰炸时,不少民众在做礼拜。由于遇难人数众多,救援人员尚未找回所有遇难者遗体。声明说,哈马斯对此次轰炸予以强烈谴责。
以色列国防军同日发表声明说,以空军“据情报”精确打击了加沙城毗邻清真寺、设在塔宾学校里的哈马斯一个指挥中心。以方称那里是哈马斯成员的藏身地之一。
据巴勒斯坦加沙地带卫生部门8日发布的数据,去年10月新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成超3.9万巴勒斯坦人死亡、逾9.1万人受伤。(完)
图说:8月10日,在加沙地带北部加沙城,当地居民悼念以军袭击中的遇难者。