Connect with us

Social

၆ လတာ ကာလ အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁ သိန်းခွဲကျော် ပြန်လည် ဝင်ရောက်လာ

မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ပြန်လည် ရောက်ရှိလာမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အက်ဥပဒေ ပြင်ဆင် ပြောင်းလဲမှုကြောင့် ဇွန်လ ၂၉ ရက်မှ ဒီဇင်ဘာလ ၁၆ ရက်အထိ ဥပဒေနှင့် မညီညွတ်သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၅၉,၆၃၁ ဦး မြန်မာနိုင်ငံသို့ပြန်လည် ဝင်ရောက် လာခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထိုမြန်မာ ရွှေ့ပြောင်းအလုပ်သမားများထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက် အကြမ်းဖက် သမားများ၊ မူးယစ်ဆေးဝါး၊ လက်နက်/ ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတု ပြုလုပ်သူ များနှင့် ငွေစက္ကူ အတုများပါလာခြင်း မရှိစေရေး အတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနှင့် လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ ၎င်းတို့မှာ နေရပ် အသီးသီး သို့ပြန်လည် ထွက်ခွာ သွားကြပြီ ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117