Connect with us

Social

ရန်ကုန်တိုင်းဒေသကြီး မြစ်ချောင်းများ အတွင်း ရေယာဉ် အိုဟောင်း ၊ အပျက်များ ရပ်နားထားမှုအား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန် နောက်ဆုံးထား ဖယ်ရှားပေးရန် အသိပေး ကြေညာ

ရန်ကုန်တိုင်းဒေသကြီး မြစ်ချောင်းများ အတွင်း သွားလာနေသည့် ရေယာဉ်များအား တွေ့ ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မြစ်ချောင်းများ အတွင်း ရေယာဉ်အိုဟောင်း နှင့် ရေယာဉ်ပျက်များ အားလုံး ရပ်နားထားခြင်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် နောက်ဆုံးထား၍ ဖယ်ရှားပေးရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ အသိပေး ကြေညာခဲ့သည်။

ထိုသို့လိုက်နာမှု ပျက်ကွက်ပါက ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ဖယ်ရှားမည့် အပြင် တည်ဆဲ ဥပဒေများ အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြိုတင် အသိပေးထားသည်။ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြစ်ချောင်းများတွင် ကုန်စည် နှင့် ခရီးသည် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နေကြောင်း ၊ ရေကြောင်း သွားလာရေးကို အနှောင့်အယှက် ဖြစ်စေသည့် သွားလာမှု မပြုတော့သည့် ရေယာဉ် အဟောင်းများ ၊ အပျက်အစီးများကြောင့် မြစ်ချောင်းများကို အကျည်းတန်စေကြောင်း အသိပေး ကြေညာချက်တွင် ဖော်ပြထားသည်။(Xinhua)