Connect with us

Europe

မီးလောင်မှုဖြစ်ပွားခဲ့သည့် လန်ဒန်တိရစ္ဆာန်ရုံ ပြန်လည်ဖွင့်လှစ်

လန်ဒန်တိရစ္ဆာန်ရုံ မီးလောင်နေမှုအား မီးသတ်သမားများက မီးငြှိမ်းသတ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

လန်ဒန် တိရစ္ဆာန်ရုံတွင် မီးအကြီးအကျယ် လောင်ကျွမ်းခဲ့မှုကြောင့် တိရစ္ဆာန်များသေဆုံးမှု နှင့် ပျောက်ဆုံးမှုများဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၂၅ ရက်တွင် ၎င်းတိရစ္ဆာန်ရုံ အားပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် “မီရှာ” အမည်ရှိ ၉နှစ်အရွယ် ပုရွက်စား အာဖရိကနို့တိုက်သတ္တဝါတစ်ကောင် သေဆုံးခဲ့ပြီး အခြား တောင်အာဖရိကမြွေပါ ၄ကောင်မှာလည်းပျောက်ဆုံးနေကာ သေဆုံးသွားပြီဟု ယူဆရကြောင်း တိရစ္ဆာန်ရုံက အတည်ပြုပြောကြားခဲ့သည်။

မီးလောင်မှုသည် ဒီဇင်ဘာ ၂၄ရက်နံနက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကော်ဖီဆိုင်တစ်ဆိုင် အပါအဝင် ၎င်းနှင့် နီးကပ်နေသည့် တိရစ္ဆာန်ရုံ၏ အစိတ်အပိုင်းတစ်ချို့ မီးလောင်ကျွမ်းခဲ့ကြောင်း မီးသတ်သမားများက ပြောကြားခဲ့သည်။

တိရစ္ဆာန်ရုံ ၏ ပြောရေးဆိုခွင့်ရှိသူ က မီးလောင်မှုဖြစ်ပွားရာနေရာတွင် နေထိုင်သော တိရစ္ဆာန်ရုံဝန်ထမ်းများသည် အခင်းဖြစ်ပွားရာသို့ အလျင်အမြန်သွားရောက်ကာ တိရစ္ဆာန်များအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းသို့ ဆောင်ရွက်မှုကြောင့် မီးခိုးများရှူရှိုက်မိခြင်း နှင့် သွေးလန့်ခြင်းများဖြစ်ပွားခဲ့သည့် အချို့သော ဝန်ထမ်းများကို ပြုစုပေးခဲ့ပြီး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည့် မီးသတ်သမားတစ်ဦးကိုလည်း ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်း တိရစ္ဆာန်ရုံအား ဒီဇင်ဘာ ၂၄ ရက်တွင်ပိတ်ခဲ့ပြီး တိရစ္ဆာန်ရုံ၏ ခရစ်စမတ်ပွဲအတွက် လက်မှတ်ဝယ်ယူထားသည့် မိသားစုများကို လက်မှတ်ငွေများပြန်အမ်းပေးသွားမည်ဖြစ်ကြောင်း တိရစ္ဆာန်ရုံကပြောကြားခဲ့သည်။

လန်ဒန်မီးသတ်တပ်ဖွဲ့က မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းအရင်း မသိရှိသေးကြောင်း နှင့် စစ်ဆေးရေးအဖွဲ့က အပျက်အစီးများအကြား သဲလွန်စများ ကို ရှာဖွေနေကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117