Connect with us

Sport

တောင်ကိုးရီးယား နိုင်ငံ တွင် ကျင်းပနေသော ၆ ကြိမ်မြောက် ကမ္ဘာ့စစ်သား အားကစားပွဲ တွင် တရုတ် နိုင်ငံ မှ ဆုတံဆိပ် ရရှိမှု အဆင့် ၃ နေရာ တွင်ရောက်ရှိနေ

တရုတ် နိုင်ငံ အတွက် ပထမ ဆုံးရွှေတံဆိပ်ဆု အား ရယူပေး နိုင်ခဲ့သည် အမျိုးသမီး စစ်သား ကျန့်လိ အား မြင်တွေ့ ရစဉ် (ဆင်ဟွာ)

မွန်ဂျောင် ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

တောင်ကိုးရီးယား နိုင်ငံ တွင် ကျင်းပနေသော ၆ ကြိမ်မြောက် ကမ္ဘာ့စစ်သား အားကစားပွဲ ကျင်းပရာ ဒုတိယ မြောက် နေ့ဖြစ်သည့် အောက်တိုဘာ ၄ ရက်နေ့တွင် တရုတ် နိုင်ငံ စစ်သား အဖွဲ့ မှ ရွှေတံဆိပ် နှစ်ခု ထက်မံ ရရှိခဲ့ပြီး ဆုတံဆိပ် ရရှိမှု အဆင့် ၃ နေရာတွင် ရောက်ရှိနေ ခဲ့သည်။

တရုတ် နိုင်ငံ မှ အမျိုးသမီး စစ်သား ဖြစ်သည့် အသက် ၂၆ နှစ် အရွယ် ကျန့်လိ မှ လှံပစ် အားကစား တွင် ၆၂.၉၅ မီတာ ဖြင့် တရုတ် နိုင်ငံ အတွက် ပထမ ဆုံးရွှေတံဆိပ်ဆု အား ရယူပေး နိုင်ခဲ့ပြီး ပထမ ဆုံးအကြိမ် ကမ္ဘာ့ စစ်သား အားကစားပွဲ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် အမျိုးသမီး စစ်သား ကောင်းရန် မှ သံလုံးပစ် အားကစား တွင် ၁၈.၁၄ မီတာ ဖြင့် ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

အောက်တိုဘာ ၄ ရက်နေ့အထိ တရုတ် နိုင်ငံ မှ ရွှေ ၂ ၊ ငွေ ၁ နှင့် ကြေး ၆ ဖြင့် ဆုတံဆိပ် ရရှိမှု စာရင်းတွင် အဆင့် ၃ နေရာတွင် ရောက်ရှိနေပြီး အောက်တိုဘာ ၅ ရက်နေ့တွင် တိုက်ကွမ်ဒို ၊ အမျိုးသမီး သေနတ်ပစ်၊ မြားပစ် နှင့် လက်ဝှေ့ စသည့် အားကစား များကျင်းပ သွားမည် ဖြစ်သည်။

ယခု ကျင်းပ သည့် အာကစားပွဲ ကို ၁၀ ရက် ကျင်းပ သွားမည် ဖြစ်ပြီး ကိုယ်စားလှယ် အဖွဲ့အပေါင်း ၁၀၅ ဖွဲ့မှ စစ်သား အားကစား သမားပေါင်း ၈၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ အဓိက အားကစား ၂၄ မျိုး နှင့် အခြား အားကစား ၂၅၃ မျိုး ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး တရုတ် နိုင်ငံ အားကစား အဖွဲ့မှ အားကစား သမား အယောက် ၃၀၀ ကျော်ဖြင့် အဓိက အားကစား ၁၆ မျိုး ပါဝင်ယှဉ် ပြိုင်သွားမည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117