Connect with us

Africa & Middle East

ဒေသတွင်း ပဋိပက္ခများ တစ်ဆင့်တိုး ကျယ်ပြန့်လာမှုကို ကာကွယ်ရန် အီရတ်ခေါင်းဆောင်က တိုက်တွန်း

အီရတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Hussein (ယာ) နှင့် အလည်အပတ်ရောက်ရှိနေသော အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Araghchi တို့ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်၌ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နေသည်ကို အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ဒေသတွင်း ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှုကို ကာကွယ်ရန် “ဂါဇာကမ်းမြောင်ဒေသနှင့် လက်ဘနွန်တို့အပေါ် အစ္စရေး ကျူးကျော်မှုကို တားမြစ်ရမည်” ဖြစ်သလို ချက်ချင်းအရေးယူလုပ်ဆောင်သင့်သည်ဟု အီရတ်နိုင်ငံ သမ္မတ Abdul Latif Rashid က အလည်အပတ်ရောက်ရှိနေသော အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နှင့် တွေ့ဆုံစဉ် အလေးအနက် ပြောကြားခဲ့သည်။

Rashid ကလည်း အီရတ်နိုင်ငံ အနေဖြင့် “အိမ်နီးနားချင်းနိုင်ငံများအပေါ် ကျူးကျော်မှုပြုလုပ်ရန် ကြားခံနယ်ဖြစ်လာမည်ကို ငြင်းဆိုသည်” ဟု တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်း အီရတ်သမ္မတရုံးက အဆိုပါနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပါလက်စတိုင်း-အစ္စရေး၊ လက်ဘနွန်-အစ္စရေး အသစ်တစ်ဖန် ဖြစ်ပွားသည့် ပဋိပက္ခများသည် ဒေသတွင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်လျက်ရှိရာ အခြေအနေ အရှိန်အဟုန် မြင့်တက်လာမှုကို ရှောင်းရှာရန် သံတမန်နည်းလမ်းများဖြင့် အကျပ်အတည်းကို ဖြေရှင်းရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အီရတ်အစိုးရအနေဖြင့် “ဂါဇာကမ်းမြောင်ဒေသနှင့် လက်ဘနွန်တို့အပေါ် အစ္စရေး၏ ကျူးကျော်မှုအား တားမြစ်ရေးကို ထိပ်တန်းဦးစားပေးမစ်ရှင်” အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အီရတ်သည် နိုင်ငံတကာအသိုက်အဝန်းနှင့် အတူ အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲ အဆုံးသတ်ရေးကို ကြိုးပမ်းတွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပဋိပက္ခ ဆက်လက် မပြန့်ပွားအောင် တားဆီးခြင်းသည် အီရတ်နှင့် ဒေသတွင်း နိုင်ငံအားလုံး၏ လုံခြုံရေး အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း အီရတ်နိုင်ငံ ဝန်ကြီးချုပ် Mohammed Shia’ Al Sudani က Araghchi နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း အီရတ်ဝန်ကြီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုနေ့တွင်ပင် Araghchi သည် အီရတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Fuad Hussein နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ အီရတ်နိုင်ငံသည် စစ်ပွဲအတွက် အီရတ်လေပိုင်နက်အား အခြားနိုင်ငံများ အသုံးပြုခြင်းကို ငြင်းဆိုကြောင်း ဆွေးနွေးပွဲအပြီး ကျင်းပသည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် Hussein က ပြောကြားခဲ့သည်။ ဒေသတွင်း စစ်ပွဲများ ဆက်လက်ပျံ့နှံ့နေခြင်းသည် “ISIS” စသည့် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဝင်ရောက်ရန် အခွင့်ကောင်းဖြစ်သည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။
အီရန်သည် ဒေသတွင်း မိတ်ဖက်များနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို အပြုသဘောဆောင် ညှိနှိုင်းဆောင်ရွက်နေပြီး ဆွေးနွေးညှိနှိုင်းမှုများဖြင့် ငြိမ်းချမ်းရေးကို ဆက်လက်ဖော်ဆောင်ရန် အီရန်က ဆန္ဒရှိကြောင်း Araghchi က ပြောကြားခဲ့သည်။ (Xinhua)
#Iraq #RegionalConflicts #Iran #အီရန် #အီရတ် #ဒေသတွင်းပဋိပက္ခများ #Sudani #Araghchi #Hussein #အစ္စရေးကျူးကျော်မှု
…………………………………………………
(Chinese Version)
伊拉克领导人呼吁防止地区冲突进一步扩大
新华社巴格达10月13日电(记者段敏夫)伊拉克总统拉希德13日在会见到访的伊朗外长阿拉格齐时强调,应立即采取行动,“制止以色列对加沙地带和黎巴嫩的侵略”,防止地区冲突进一步扩大。
伊拉克总统办公室当天发表声明说,拉希德在会见时还说,伊拉克“拒绝成为侵略邻国的跳板”。新一轮巴以、黎以冲突威胁地区和世界和平稳定,必须通过外交手段解决危机,避免局势进一步升级。
伊拉克总理办公室当天发表声明说,总理苏达尼在会见阿拉格齐时表示,伊拉克政府“将制止以色列对加沙地带和黎巴嫩的侵略作为首要任务”,伊拉克将与国际社会一道努力推动停火止战,阻止冲突持续蔓延符合伊拉克和地区全体国家的安全利益。
阿拉格齐当天还同伊拉克外长侯赛因举行了会谈。侯赛因在会后召开的联合记者会上说,伊拉克拒绝他国将伊领空作为战争用途使用。他同时警告,地区战事持续蔓延恐给“伊斯兰国”等恐怖组织卷土重来提供可乘之机。
阿拉格齐表示,伊朗正与地区伙伴积极协调停火事宜,伊朗愿继续通过对话磋商实现和平。(完)
图说:10月13日,伊拉克外长侯赛因(右)同到访的伊朗外长阿拉格齐在首都巴格达举行会谈后参加联合记者会。新华社发(哈利勒·达伍德摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.