Connect with us

Media

ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ ဆွေးနွေးပွဲ ဘရာဇီးနိုင်ငံ၌ ပြုလုပ်

ဆော်ပေါ်လို၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

“ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှင်သန်တက်ကြွလာစေခြင်း – ကမ္ဘာ့တောင်ဘက်ခြမ်းအတွက် ခရီးသစ်” ဟူသော ဆောင်ပုဒ်ဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ ဆွေးနွေးပွဲအား နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘရာဇီးနိုင်ငံ သမ္မတ Luiz Inacio Lula da Silva တို့ထံမှ ဂုဏ်ပြုသဝဏ်လွှာ များအား ဆွေးနွေးပွဲ၌ ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။
သမ္မတရှီနှင့် သမ္မတ Lula တို့ နှစ်ဦးလုံးက ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အရေးပါသော လမ်းညွှန်ချက်အသစ်များအား ထုတ်ပြန်ခဲ့ကြောင်း ဆွေးနွေးပွဲ စီစဉ်သူများက ပြောကြားခဲ့သည်။ ကမ္ဘာ့တောင်ဘက်ခြမ်းက အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး နိုင်ငံတကာ အသိုက်အဝန်းတွင် မရှိမဖြစ် အပြုသဘောဆောင်သော အင်အားတစ်ရပ် ဖြစ်လာနေကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲအား ယခုလအတွင်း ဘရာဇီးနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၁၉ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေး မတိုင်မီ ကျင်းပခြင်း ဖြစ်သည်။ မီဒီယာနှင့် တတ်သိပညာရှင်အဖွဲ့ အသီးသီးက ငြိမ်းချမ်းရေး၊ တံခါးဖွင့်လှစ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ၊ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု၊ ယဥ်ကျေးမှုများအကြား အပြန်အလှန် လေ့လာမှုများကို လက်ကိုင်ထားသည့် ကမ္ဘာ့တောင်ဘက်ခြမ်းအသံအား ပူးတွဲမြှင့်တင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ကမ္ဘာ့တောင်ဘက်ခြမ်းက သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုအား ကြုံတွေ့နေရပြီး ကမ္ဘာ့သမိုင်းလမ်း ကြောင်းအား များစွာသက်ရောက်မှု ရှိကြောင်း ဆွေးနွေးပွဲတက်ရောက်သူများက အခိုင်အမာ ပြောဆိုခဲ့ကြသည်။
ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်မှုအသစ်အား မြှင့်တင်ရန် ၊ ယဉ်ကျေးမှုများ အကြား အပြန်အလှန် လေ့လာသင်ယူမှု ကဏ္ဍသစ် ဖန်တီးရန်၊ မီဒီယာခေတ် စိန်ခေါ်မှုအသစ်များအား ဖြည့်ဆည်းရန် သက်ဆိုင်သူများအားလုံး ပူးပေါင်းပါဝင်ကြရန် ဆွေးနွေးပွဲတက်ရောက်သူများက တိုက်တွန်းခဲ့သည်။
ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာကွန်ရက်အား စတင်ဖွင့်လှစ်ခဲ့သည်။ ဆော်ပေါ်လို ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့ ဆွေးနွေးပွဲ ကြေညာချက် ၊ “လူသားတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးပါမှုအတွက် ပုံစံသစ်” တတ်သိပညာရှင်အဖွဲ့ အစီရင်ခံစာနှင့် ဘာသာစကား အမျိုးမျိုးဖြင့် “ကမ္ဘာ့တောင်ဘက်ခြမ်း နိုးကြားမှု” အစီရင်ခံစာတို့ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲအား တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ လမ်းညွှန်မှုဖြင့် Xinhua News Agency နှင့် ဘရာဇီ ဆက်သွယ်ရေးကုမ္ပဏီတို့က ပူးတွဲစီစဉ်ကျင်းပခဲ့ခြင်း ဖြစ်ပြီး နိုင်ငံနှင့် ဒေသ ၇၀ ကျော်မှ မီဒီယာအဖွဲ့အစည်း၊ တက်သိပညာရှင်အဖွဲ့၊ အစိုးရဌာနဆိုင်ရာ၊ စီးပွားရေးအဖွဲ့အစည်း ၁၇၀ မှ ကိုယ်စားလှယ် ၃၅၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………..
(English Version)
Inaugural Global South Media and Think Tank Forum held in Brazil
Themed “Development and Revitalization: A New Journey for the Global South,” the inaugural Global South Media and Think Tank Forum was held in Sao Paulo, Brazil from Monday to Tuesday.
Congratulatory messages from Chinese President Xi Jinping and Brazilian President Luiz Inacio Lula da Silva were read out at the forum.
The organizers of the forum said both President Xi and President Lula issued new important guidelines on the development of the Global South. The Global South is gaining momentum and becoming an indispensable and constructive force in the international community.
The forum is being held against the backdrop of the upcoming 19th G20 Summit in Brazil this month. Various media outlets and think tanks are expected to jointly amplify the voice of the Global South regarding upholding peace, opening up and development, global governance, and mutual learning among civilizations.
Guests of the forum asserted that the Global South is experiencing significant development, greatly impacting the trajectory of world history.
They called for all parties involved to collaborate to boost the new development of the Global South, create a new chapter of mutual learning among civilizations, and meet the new challenges of the all-media era.
During the opening ceremony, the Global South Media News Network was launched. The Sao Paulo Declaration of the Global South Media and Think Tank Forum, the think tank report “A New Model for Human Advancement and Its Global Significance” and multilingual versions of the report “Awakening of the Global South” were also released.
Guided by China’s State Council Information Office and jointly organized by Xinhua News Agency and Brazil Communication Company, the forum drew around 350 representatives from 170 media organizations, think tanks, government agencies, and enterprises from more than 70 countries and regions.
Xinhua News Agency correspondents reporting from Sao Paulo, Brazil. (XHTV)