Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံမှ ပန်ဒါ ၄၂ ကောင် နိုင်ငံ ၁၂ နိုင်ငံ တွင် ရောက်ရှိ နေ

တရုတ်နိုင်ငံရှိ ရှားပါး တိရစ္ဆာန် ပန်ဒါဝက်ဝံပုံ (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇွန် လ အထိ အရွယ်ရောက်သည့် ပန်ဒါများနှင့် သားပေါက်များ စုစုပေါင်း ပန်ဒါ ၄၂ ကောင်သည် ပြည်ပ ၁၂ နိုင်ငံတွင် ရောက်ရှိ နေကြောင်း ပန်ဒါများကို သုတေသန ပြုလုပ် နေသည့် အမျိုးသား သုတေသန ဌာနမှ ဖေဖော်ဝါရီ ၂၈ တွင် ပြော ကြား ခဲ့သည်။

ဂျပန်၊ အမေရိကန်၊ သြစတြီးယား၊ ထိုင်းနိုင်ငံ၊ စပိန်၊ သြစတြေးလျား၊ ဗြိတိန်၊ ပြင်သစ်၊ စင်ကာပူ၊ ကနေဒါ၊ ဘယ်လ်ဂျီယံ နှင့် မလေးရှားနိုင်ငံ အစရှိသည့် နိုင်ငံ ပေါင်း ၁၂ နိုင်ငံ မှ တိရိစ္ဆာန် ဥယျာဉ် ၁၇ ခုနှင့် အတူ တရုတ် နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်ကာ ပန်ဒါများ အပေါ် သုတေသနပြုထားခြင်း ဖြစ်ကြောင်း သစ်တောရေးရာ ဝန်ကြီးဌာန မှ ပြောကြားသည်။

နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ ပန်ဒါများအား လက်ဆောင်ပေးခြင်း၊ နှစ်အလိုက် ငှားရမ်းပေးခြင်း များကြောင့် အခြားနိုင်ငံများသို့ ပန်ဒါများ ရောက်ရှိနေခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် နှောင်းပိုင်းတွင် တရုတ်နိုင်ငံ ၏ တောများထဲတွင် ပန်ဒါ ၁,၈၆၄ ကောင် ရှိပြီး ၂၀၀၃ ခုနှစ် တွင် ထိုအရေအတွက် ထက် ၁၆.၈ ရာခိုင် နှုန်း များပြားကြောင်း သုတေသနပြုချက် တွင် ဖော်ပြထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117